တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကျရာနေရာမှာ အ​ကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့အထိ အောင်မြင်လျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

ရုပ်ရှင်ဇာတ်ကားတွေများစွာကိုရိုက်ကူးခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာအနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အသားအရည်စိုပြေပြီး နုပျိုလှပလျက်ရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့  ငယ်ဘဝပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

သူမကတော့ ယခုမှာ မောင်နှမရင်းတွေလို ခင်မင်ရပြီး ဒွေး၊ရန်အောင်နဲ့အတူ စနောက်ပျော်ရွှင်ခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ သူမတို့အနုပညာရှင်ညီအကိုမောင်နှမတွေရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ အဆိုပါပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံလေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source - Htet Htet Moe Oo's Fb Page

Photo credit - Htet Htet Moe Oo's Fb Page
Photo credit - Htet Htet Moe Oo's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။