အကယ်ဒမီမင်းသားချောတစ်လက်ဖြစ်တဲ့ မြင့်မြတ်ကတော့ သဘာဝမင်းသားကြီးလို့ ပရိသတ်တွေကတင်စားခေါ်ဝေါ်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။မြင့်မြတ်ဟာဆိုရင်လည်းပဲ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်တဲ့ မြင့်မြတ်က အခုStay Homeကာလမှာတော့ မိသားစုနဲ့သာ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြင့်မြတ်ရဲ့ချစ်ဇနီးချောလေးကလည်း ဒုတိယရင်သွေးလေးကို လွယ်ထားရတာကြောင့် မကြာတော့မယ့်အချိန်မှာ မြင့်မြတ်က ကလေးနှစ်ယောက်အဖေဖြစ်တော့မှာဖြစ်ပါတယ်။မြင့်မြတ်ရဲ့သားကြီးလေး မြတ်သူကလည်း တစ်နေ့တခြား ဖေဖေနဲ့ပိုပိုတူလာပြီး အရမ်းချစ်ဖို့ကောင်းပါတယ်နော်။မြင့်မြတ်ကတော့ အခုကာလမှာ သားလေးကိုအချိန်အပြည့်ပေးပြီး အတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြင့်မြတ်တို့မိသားစုလေးက နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စရာအပြည့်ရှိတဲ့မိသားစုလေးပါနော်။မြင့်မြတ်တို့မိသားစုလေးကို ပရိသတ်တွေကချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြင့်မြတ်က သားလေးကိုချီထားပြီး ပိုစ့်ဆင်တူလေးလုပ်ကာ နှစ်ယောက်အတူဓာတ်ဖမ်းထားကြတာဖြစ်ပါတယ်။ဖေဖေ့လိုပဲ စတိုင်လ်အပြည့်နဲ့ ပဲပေးနေတဲ့ မြတ်သူလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

Source&Photo Credit:Myat Wai Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။