ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေရင်း သူငယ်ချင်းတွေနဲ့လည်း Pageတစ်ခုထောင်ထားတာဖြစ်ပါတယ်။ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်ကလည်း မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးကြတာဖြစ်ပါတယ်။ကျော်ကျော်တို့က ဟာသဗီဒီယိုဖိုင်လေးတွေကိုလည်း ရိုက်ကူးပြီး ပရိသတ်တွေအတွက် အမြဲမျှဝေနေကျဖြစ်ပါတယ်နော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

ကျော်ကျော်ကတော့ လူးလူးစိန်ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လက်ရှိမှာဆိုရင် လူးလူးစိန် ဇာတ်လမ်းတွဲက ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။လူးလူးစိန်ဇာတ်လမ်းတွဲထဲမှာ ကျော်ကျော်က စိုးပြည့်သဇင်နဲ့အတူ အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။စိုးပြည့်နဲ့ကျော်ကျော်တို့နှစ်ယောက်က ရိုက်ကွင်းပေါ်မှာလည်း မျက်နှာပြောင်ကြလို့ အမြဲခွီနေရတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

အခုဆိုရင်လည်း ကျော်ကျော်က ချစ်စရာဗီဒီယိုဖိုင်လေးတစ်ခုကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။ဗီဒီယိုထဲမှာ စိုးပြည့်က ကျော်ကျော့်ကို အမိုက်စားမိတ်ကပ်လိမ်းပေးနေတာဖြစ်ပါတယ်‌။ကျော်ကျော်ကလည်း ငြိမ်ငြိမ်လေးနေနေတာဖြစ်ပြီး ဗီဒီယိုအဆုံးမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း စိုးပြည့်နဲ့ကျော်ကျော်တို့ရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ရှု့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

Photo Credit:Kyaw Naing Oo's Facebook Account

Source&Video Credit:Kyaw Naing Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။