မင်းသမီးချောလေး မြတ်သူသူကတော့ အနုပညာနယ်ပယ်မှာ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်မှုတွေရရှိလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း မြတ်သူသူဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒါ့အပြင် သူမဟာ ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်ပေါ်ဖက်ရှင်ဝတ်စုံလေးတွေအပြင် မြန်မာဆန်ဆန် ဝတ်စုံလေးတွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မြင်သူတိုင်း ငေးမောသွားရလောက်မယ့် သူမရဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒီပုံလေးတွေထဲမှာတော့ မြတ်သူသူ က အနီရောင်မြန်မာဝတ်စုံလေးနဲ့ အသည်းယားစရာကောင်းအောင် လှရက်လွန်းနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်သူသူ က "လှပတဲ့ မြင်းခြံမြို့ရဲ့အထင်ကရနေရာတွေရယ် .. ချစ်စရာ ခေတ္တခဏမြင်းခြံသူလေးရယ် ..အလွမ်းပြေပေါ့ နောက်ထပ်လာရင် မရောက်ဖြစ်ခဲ့တဲ့နေရာလေးတွေ လိုက်ပို့နော် အရင်ကရိုက်ထားတာပါ အခုတော့ အိမ်ပြင်မထွက်ကြပါနဲ့နော် စိတ်ပူလို့ " ဆိုပြီး ရေးသားထားပါတယ်။ ကဲ....ပရိသတ်ကြီးရေ မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မြတ်သူသူ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

Photo Credit - Myat Thu Thu fb page

Source - Myat Thu Thu fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။