ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် အခိုင်အမာ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Thet Mon Myint’s Facebook Page
Photo Crd- Thet Mon Myint’s Facebook Page
Photo Crd- Thet Mon Myint’s Facebook Page

ချစ်သက်ဟာ အနုပညာဘက်တွင် အောင်မြင်ရုံသာမကဘဲ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက် ထားတာလည်း ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလမှာတော့ ချစ်သက်တစ်ယောက် ကလေးတွေကို အချိန်ပေးကာ ဖြတ်သန်းကုန်ဆုံး နေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ live Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Thet Mon Myint’s Facebook Page
Photo Crd- Thet Mon Myint’s Facebook Page
Photo Crd- Thet Mon Myint’s Facebook Page

ဒါကတော့ Live လွှင့်နေတဲ့မေမေ့ကိုဘေးကနေစနောက်နေကြတဲ့ အားချစ်နဲ့လဝန်းတို့ရဲ့ကြည်နူးစရာ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုဘဝလေးကလည်း မြင်ရသူတိုင်းကို ကြည်နူးအားကျစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သက်မွန်မြင့်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thet Mon Myint’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။