မင်းသားချောလေး မြင့်မြတ်ကတော့ မာန်မာနကင်းပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။ မြင့်မြတ်က သရုပ်ဆောင်တော်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး အားလုံးကို ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မြင့်မြတ်က ချစ်ရတဲ့ဇနီးချောလေးရယ်၊ သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ရရှိထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc
Photo Credit-Myat Wai Tun's FB Acc

အိမ်ထောင်ဦးစီးကောင်းပီသတဲ့ မြင့်မြတ်က သူ့ရဲ့ဇနီးချောလေးကို ဂရုတစိုက်နဲ့ကြင်နာတတ်သလို သားလေးကိုဆိုရင်လည်း လက်ကမချနိုင်လောက်အောင် ချစ်နေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ မြင့်မြတ်က သူငယ်ချင်းတွေဖြစ်တဲ့ ထူးခြား၊ K ညီတို့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။ သူငယ်ချင်းတွေ အတူဆုံတဲ့အချိန်လေးမှာ မြင့်မြတ်တို့အဖွဲ့က Facebook မှာ Live လွှင့်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-"Bae Gyi-ဘဲကြီး" FB Page

ဟန်ဆောင်မှုကင်းတဲ့ မြင့်မြတ်ကတော့ သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေဆိုပြီး ပျော်ပျော်ပါးပါးကနေတာလည်း ဖြစ်ပါတယ် ။ ရုပ်ပြောင်လေးတွေလည်းလုပ်ပြကာ စနောက်ကျီစယ်နေတဲ့ မြင့်မြတ်တို့သူငယ်ချင်းတစ်စုကတော့ တကယ့်ကို ပျော်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်၊ ထူးခြားနဲ့ K ညီတို့ရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"Bae Gyi-ဘဲကြီး" FB Page

Photo Credit-"Bae Gyi-ဘဲကြီး" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။