ဒါရိုက်တာကိုပေါက်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ကျရာဇာတ်ရုပ်တွေမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ကိုပေါက်ကတော့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ဗီဒီယိုဇာတ်ကားတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo Credit: Aung Min Naing ' s Facebook acc
Photo Credit: Aung Min Naing ' s Facebook acc

ကိုပေါက်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။သူကတော့ မိသားစုကိုလည်း အချိန်ပေးသလို အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ကိုပေါက်ကတော့ ကြည့်ရူသူတိုင်းကို ရယ်မောစေခဲ့တဲ့ အခွီTiktokလေးတွေကို ဆော့ကစားလေ့ရှိပြီး အဆိုပါTiktokလေးတွေဟာ ပရိသတ်တွေကြားရေပန်းစားလျက်ရှိပါတယ်။

Photo Credit: Aung Min Naing ' s Facebook acc
Photo Credit: Aung Min Naing ' s Facebook acc

ကိုပေါက်ကတော့ ယခုမှာ ခင်လှိုင်ရဲ့ ဘုန်းကြီးတရားဟောတဲ့အသံလေးနဲ့ အပီအပြင်သရုပ်ဆောင်ရင်း ပါးစပ်မစေ့အောင်ရယ်နေရတဲ့ အခွီTiktokလေးကို ချပြလာခဲ့ပါတယ်။ ကိုပေါက်ကတော့ " ဆရာ တပည့် ၂ယောက် "ဆိုပြီး အခွီဗီဒီယိုလေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကိုပေါက်ရဲ့အူ တတ်အောင်ရယ်နေရတဲ့ အခွီဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Aung Min Naing ' s Facebook acc 

Photo Credit: Aung Min Naing ' s Facebook acc
Photo Credit: Aung Min Naing ' s Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။