မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့အားပေးမှုကိုရော အနုပညာရှင်တွေရဲ့လေးစားချစ်ခင်မှုကိုပါ ရရှိထားတဲ့ ပြည်သူ့အချစ်တော်တစ်ဦး ဖြစ်ပါတယ် ။ အနုပညာအရည်အချင်း ပြည့်ဝသူဖြစ်တဲ့ ဝါဝါဝင်းရွှေက တစ်ချိန်က အရမ်းကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဝါဝါဝင်းရွှေက ပရိသတ်တွေရဲ့နှလုံးသားမှာ ယနေ့အချိန်အထိတိုင်အောင် စွဲစွဲမြဲမြဲနေရာယူထားဆဲ ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

အန်တီဝါက အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အရွယ်တင်နုပျိုနေတာလည်း ဖြစ်ပါတယ် ။ ကျန်းမာလှပပြီး လန်းဆန်းတက်ကြွနေတဲ့ အန်တီဝါက အခုလည်း ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေထားတာ ဖြစ်ပါတယ် ။ Piano ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ အန်တီဝါက Stay Home ကာလမှာ အိမ်မှာနေနေရတဲ့ ပရိသတ်တွေအတွက် သူမကိုယ်တိုင် Pianoတီးပြလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-Wa Wa Win Shwe's FB Acc

အန်တီဝါက သာယာငြိမ့်ညောင်းတဲ့သံစဥ်လေးနဲ့ ပရိသတ်တွေကို ဖျော်ဖြေထားတာကလည်း အရမ်းကိုနားဆင်လို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အန်တီဝါက ပရိသတ်တွေကျန်းမာစေဖို့နဲ့ ရောဂါဘယတွေကင်းဝေးစေဖို့ တောင်းဆုခြွေပေးထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ဝါဝါဝင်းရွှေရဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Wa Wa Win Shwe's FB Acc

Photo Credit-Wa Wa Win Shwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။