ပရိသတ်ကြီးရေ အဆိုတော်ဝေလျှံကတော့ အမွှာကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဝေလျှံက လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပါတယ်နော်။ဝေလျှံရဲ့ ချစ်ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပြီး နားလည်မှုအပြည့်ရှိတဲ့သူဖြစ်ပါတယ်နော်။

Photo Credit:Wai Hlian Phyo's Facebook Account
Photo Credit:Wai Hlian Phyo's Facebook Account
Photo Credit:Wai Hlian Phyo's Facebook Account

ဝေလျှံရဲ့ သားလေးနှစ်ယောက်က‌လည်း အဖေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းကြတဲ့အပြင် လိမ္မာရေးခြားရှိကြပါတယ်နော်။အခုဆိုရင်တော့ သားလေးနှစ်ယောက်ရဲ့သိတတ်ပုံကို ဝေလျှံရဲ့ဇနီးက"ဒီနေ့ကိတ်မုန့်လေးတွေဖုတ်နေတော့ မနားရမထိုင်ရသေးတော့ သားတွေရှေ့မှာပင်ပန်းလိုက်တာလို့ညည်းတာကို ကြီးနဲ့ငယ်က မားမားသားတို့ပေါ်မှာလာအိပ်လာ မားမားမောတယ် ဆိုပြီးပြောတော့ ဒီအမေအမောပြေပြီပေါ့"ဆိုပြီး သားနှစ်ယောက်ရဲ့အပြုအမူလေးတွေကို ပုံလေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Wai Hlian Phyo's Facebook Account
Photo Credit:Wai Hlian Phyo's Facebook Account

ဒါ့အပြင်လည်း ဝေလျှံက ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပရိသတ်တွေနဲ့စကားပြောရအောင်လို့ ပျော်ပျော်ပါးပါး Liveလွှင့်ခဲ့သေးတာဖြစ်ပါတယ်။ဝေလျှံတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ သွက်လက်တက်ကြွတဲ့သားလေးတွေကြောင့် မပျင်းရဘဲ အမြဲပျော်ရွှင်နေကြတာဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ အရမ်းပျော်ဖို့ကောင်းတဲ့ ဝေလျှံတို့မိသားစုရဲ့ Liveဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wai Hlian Phyo's Facebook Account
Photo Credit:Wai Hlian Phyo's Facebook Account
Photo Credit:Wai Hlian Phyo's Facebook Account

Photo Credit:Wai Hlian Phyo's Facebook Account

Source&Video Credit:Wai Hlian Phyo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။