"အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်အောင်မြင်လာခဲ့တဲ့ အဆိုတော် ဟန်ထူးစျာန်ကိုတော့ ပရိသတ်တွေအားလုံးက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ ဟန်ထူးစျာန်ဟာဆိုရင် ဆွဲငင်အားပြင်းတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီချင်းတွေ သီဆိုနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ ဟန်ထူးစျာန်က သီချင်းဆိုတော်ရုံသာမက Performance အပြည့်နဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်လေ့ရှိတာလည်း ဖြစ်ပါတယ် ။

Photo Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page

ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတဲ့ ဟန်ထူးစျာန်က သီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေတာ ဖြစ်ပါတယ်။ ရုပ်ရည်လည်းချောမောတဲ့ ဟန်ထူးစျာန်က ပျိုပျိုမေလေးတွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ ဟန်ထူးစျာန်က Tik Tok ကစားရတာကို ကြိုက်နှစ်သက်ပြီး အခုလည်း ညီမလေးနဲ့အတူ ဟာသဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page
Photo Credit-"စျာစျာန်ဟန်သာ- Zar Zen Han Thar" FB Page
Photo Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page

ဒီဗီဒီယိုလေးကို ဟန်ထူးစျာန်က " မောင်နှမနှစ်ယောက် TikTok တွေမတင်တာကြာပြီဆိုလို့ ကဲရော့ အစသန်သောအစ်ကိုနဲ့စိတ်ကြီးသောညီမ" ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ် ။ ဟန်ထူးစျာန်တို့မောင်နှမကတော့ နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲဖြစ်တဲ့ "Potato Star'' ထဲက ဇာတ်ဝင်ခန်းတစ်ခုကို အပီအပြင်သရုပ်ဆောင်ပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဟန်ထူးစျာန်တို့မောင်နှမနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page

Photo Credit-"Han Htoo Zen- ဟန်ထူးစျာန်" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။