ချစ်ရတဲ့ ပရိသတ်ကြီးရေ.... အလှမယ် မိုးစက်ဝိုင်ကတော့ ရှည်လျားသွယ်လျတဲ့ အရပ်ကို ပိုင်ဆိုင်ထားပြီး အသားအရည်ကလည်း ကြည်လင်ဝင်းပလွန်းတာကြောင့် အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်မှီသူပါနော်။ နိုင်ငံဂုဏ်ကို ဆောင်နိုင်တဲ့ မိုးစက်က ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပသူဖြစ်လို့ ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်ကာ လှရက်လွန်းသူလေးလည်း ဖြစ်ပါတယ်။ 

Photo credit - Moeset Wine's FB page
Photo credit - Moeset Wine's FB page

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ မိုးစက်ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။ အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတဲ့ မိုးစက်က MoeZအလှကုန်ကိုလည်း ဦးစီးလုပ်ကိုင်နေသူပါ။ သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလေ့ရှိတဲ့ မိုးစက်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - Moeset Wine's FB page

မိုးစက်က ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို လိုက်ဖက်ညီညီ ဝတ်ဆင်ကာ လှေကားလေးမှာ ထိုင်ရင်း ပိုစ့်ပေးဓါတ်ဖမ်းထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " အားလုံးကို ကျန်းမာစေချင်တယ် မင်းကိုလည်းကျန်းမာစေချင်တယ် ဂရုစိုက်ပါ တို့တွေ .. ဆုံကြမယ် ၊ခရီးတွေ သွားကြမယ် ၊စကားတွေ လက်ဆုံကျပြီး ပျော်စရာအကြောင်းတွေ ပြောကြမယ် ၊အခုတော့ ကျန်မာရေးကို ဂရုစိုက် အိမ်ထဲမှာနေ အားရှိတဲ့အစာတွေ စား အချိန်ရရင် သတိရရုံလေး နေပေး၊ တစ်နေ့နေ့ပေါ့ .. သိပ်မဝေးတော့တဲ့ တစ်နေ့နေ့မှာ တို့တွေ ဆုံချင်တာပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Moeset Wine's FB page

Photo credit - Moeset Wine's FB page 

Source  - Moeset Wine's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။