ဗီဒီယိုဇာတ်ကား ခေတ်ကတည်းက ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို အထူးရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ဟာ ဘာမှခွဲစိတ်ပြုပြင်စရာတောင် မလိုဘဲ သဘာဝအတိုင်း လှနေသူ တစ်ယောက်ဖြစ်တာကြောင့် ပုရိသတွေက ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လူတိုင်းအပေါ်မှာ ကူညီချင်တဲ့ စိတ်ထားလေးကြောင့်လည်း အားလုံးက လေးစားအားကျနေကြတာပါ။

Photo Crd- Khay Sett Thwin’s Facebook page
Photo Crd- Khay Sett Thwin’s Facebook page
Photo Crd- Khay Sett Thwin’s Facebook page

ခေးဆက်သွင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေ Stay Home ကာလလေးမှာ အပန်းပြေစေရန် ဟာသဗီဒီယိုလေးတွေကိုလည်း အမြဲတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook page
Photo Crd- Khay Sett Thwin’s Facebook page
Photo Crd- Khay Sett Thwin’s Facebook page

ဒါကတော့ ကိုဗစ်ကာလမှာ ဝင်ငွေမရှိလို့လက်ရှိဖြစ်ပျက်နေတာတွေကို ဟာသလေးနှောကာရိုက်ကူးထားတဲ့ခေးဆက်သွင်တို့သူငယ်ချင်းတစ်စုရဲ့Video လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " 2020နှစ်အစ နဲ့ ယခုလက်ရှိကာလ

ကွဲပြားခြားနားမှုလေးတွေပါ

စိတ်ညစ်နေတဲ့ပြည်သူတွေ

ခဏတာ ရယ်မောပျော်ရွှင် သွားစေချင်တဲ့

စိတ်ကူးနဲ့ပါ

Khay Sett Thwin " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khay Sett Thwin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။