ပရိသတ်ကြီးရေ.....အကယ်ဒမီဆုများစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင်အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးဟာလည်း ပညာရေးဘက်မှာလည်းထူးချွန်တဲ့သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။

Photo credit-San Htat Htar Oo's Facebook acc
Photo credit-San Htat Htar Oo's Facebook acc

စံထိပ်ထားဦးဟာ အခုလက်ရှိမှာဆိုရင်လည်းမိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးဟာ တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါသေးတယ်။ ထိပ်ထိပ်လေးဟာ အခုဆိုရင်လည်း ဆံပင်အရောင်အပြာလေးကို ဆိုးထားတာဖြစ်ပြီး လူငယ်ဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေတာပါနော်။

Photo credit-San Htat Htar Oo's Facebook acc
Photo credit-San Htat Htar Oo's Facebook acc

အခုဆိုရင် စံထိပ်ထားဦးဟာသူမရဲ့ ချစ်စဖွယ်မျက်နှာလေးကို အနီးကပ်လေးရိုက်ထားပြီး အသည်းယားစရာကောင်းနေတဲ့ပုံလေးတွေ သူမရဲ့ Facebookစာမျက်နှာမှာ "Say you’ll remember me" ဆိုတဲ့ captionလေးနဲ့ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် စံထိပ်ထားဦးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Htat Htar Oo's Facebook acc
Photo credit-San Htat Htar Oo's Facebook acc

Source-San Htate Htar Oo's Facebook acc

Photo credit-San Htat Htar Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။