Photo Credit - DreamHack

Poland နိုင်ငံသား cs:go player Innocent ကတော့ သူ့အနေနဲ့ MAD Lions ကနေထွက်ခွာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Innocent အနေနဲ့ ပြီးခဲ့တဲ့ 8 လပိုင်း 5 ရက်နေ့ကမှ MAD Lions ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကစားတာ တစ်လကျော်အကြာ 9 လပိုင်း 26 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။

Innocent အနေနဲ့ MAD Lions နဲ့ စာချုပ်သက်တမ်းရှိနေသေးတာကြောင့် အပြီးသတ်ထွက်ခွာလို့တော့မရသေးပဲ inactive roster နေရာမှာရှိနေပါသေးတယ်။

MAD Lions အနေနဲ့လည်း Innocent ကို Bubzkji ရဲ့နေရာမှာကစားဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး အခုထွက်ခွာသွားပြီဆိုတော့ MAD Lions အနေနဲ့ နောက်ထပ် player တစ်ယောက်ကို အစားထိုး ခေါ်ယူဖို့ လိုအပ်နေပါတယ်။

ကျန်ရှိနေတဲ့ MAD Lions ရဲ့ roster ကတော့

Rasmus "⁠sjuush⁠" Beck

Frederik "⁠acoR⁠" Gyldstrand

Fredrik "⁠roeJ⁠" Jørgensen

Asger "⁠AcilioN⁠" Larsen

Luis "⁠peacemaker⁠" Tadeu (coach)

တို့ပဲဖြစ်ပါတယ်။

Source - Innocent twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။