ယနေ့ခေတ်ကာလမှာတော့ မိန်းကလေး streamers တွေအရင်ကထက်ပိုများပြားလာပီး နယ်ပယ်အသီးသီးမှာ အောင်မြင်နေတာကို တွေ့ရပါတယ်။

ယခုအခါမှာလည်း ပရိသတ်တွေအတွက် Bitnara လို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် female streamer တစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Photo credit -Bitnara instagram
Photo credit -Bitnara instagram
Photo credit -Bitnara instagram

Bitnara က​တော့သူမ streamer မဖြစ်ခင်က တောင်ကိုရီးယား girl band တစ်ခုမှာ member ဝင်ဖြစ်ဖို့အတွက် ကျိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

Bitnara ဟာအဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် သူမအတွက်ခက်ခဲမှုတွေများစွာရှိတာကို သေချာနားလည်ပီးနောက်မှာ streamer ဘဝကို ကူးပြောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Streamer ဘဝကို ကူးပြောင်းလာချိန်မှာတော့ Bitnara ဟာ သူမကိုယ်တိုင်တောင် မထင်မှတ်ထားတဲ့ အောင်မြင်မှုမျိုးကို ရရှိခဲ့ပြီး သူမရဲ့ ကိုယ်ပိုင် page မှာ followers 10 သိန်းနီးပါးရှိနေပြီဖြစ်သလို ဝင်ငွေလည်းတော်တော်ကောင်းတဲ့ streamer တစ်ဦးပဲဖြစ်ပါတယ်။

Photo credit -Bitnara instagram
Photo credit -Bitnara instagram
Photo credit -Bitnara instagram

Bitnara ဟာ အဓိကအားဖြင့်တော့ Ring fit Adventure နဲ့ PUBG game ကို stream တာဖြစ်ပြီး သူမရဲ့ live တစ်ခါကို ဝင်ကြည့်တဲ့ viewersအရေအတွက်လည်း တော်တော်လေးကိုများပါတယ်။

Bitnara ဟာ သူမရဲ့ stream မှာ တခါတရံ သူမရဲ့အသံချိုချိိုလေးနဲ့ သီချင်းတွေလဲဆိုပြတတ်သလို၊ cover dance တွေလည်းကပြတတ်ပါသေးတယ်။

သူမရဲ့လှပတဲ့မျက်နှာလေးရယ် တောင့်တင်းသွယ်လျတဲ့ ခန္ဓာကိုယ်လေးတို့ကလည်း viewers တွေအတွက် အားဆေးတစ်ခွက်လို ဖြစ်နေတာကြောင့် Bitnara ဟာအောင်မြင်နေတဲ့ streamer တစ်ဦးဖြစ်နေတာဖြစ်သလို အခြားတစ်ဖက်မှာလည်း model တစ်ဦးအနေနဲ့ပါ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရော ပုံလေးတွေမြင်ပီး ဒီ streamer လေးကိုသဘောကြကြရဲ့လား။

Photo credit -Bitnara instagram
Photo credit -Bitnara instagram
Photo credit -Bitnara instagram

Source -Gurugamers and Bitnara instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။