ချစ်ပရိသတ်ကြီးရေ... အလှမယ် နန်းခင်ဇေယျာကတော့ ကမ္ဘာ့အလယ်မှာ မြန်မာဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ သူတစ်​ယောက်ဖြစ်လို့ အများရဲ့ ချီးကျူးပြောဆိုခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ ညိုပြာရောင် အသားအရည်လေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သူမကို မိန်းကလေးပရိသတ်တွေကပါ အားကျချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Nan Khin Zay Yar's Fb Page

နန်းခင်က အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းခင်က ကိုရိုနာဗိုင်းရပ် ကူးစပ်ပြန့်ပွားလာတဲ့ ကိစ္စလေးတွေကြောင့် ကားရိုက်တွေကို ရပ်နားထားပြီး photo shooting တွေကိုသာ လက်ခံရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

Photo credit - Nan Khin Zay Yar's Fb Page

သူမ အားလပ်တဲ့ အချိန်လေးတွေမှာ အိမ်မှာနေရင်း အပျင်းပြေ ပိုစ့်ပေးဓါတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာပါနော်။ ယနေ့မှာလည်း နန်းခင်က အဝါရောင် ဖက်ရှင်လေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Nan Khin Zay Yar's Fb Page
Photo credit - Nan Khin Zay Yar's Fb Page

Photo credit - Nan Khin Zay Yar's Fb Page

Source  - Nan Khin Zay Yar's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။