ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မင်းသမီးချောလေးဖြူဖြူထွေးဟာဆိုရင် ယခုလိုကိုဗစ်ကာလမှာတောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ဖြူဖြူထွေးက အနုပညာအလုပ်တွေရှားပါးနေတဲ့ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း သူမနဲ့အတူ ကြော်ငြာရိုက်ကူးစေပါတယ်နော်။ဖြူဖြူထွေးရဲ့ ကြော်ငြာတစ်ချို့မှာဆိုရင်လည်း မိသားစုဝင်တွေကပါ ဝင်ရောက်ပြီး အားဖြည့်ပေးထားကြတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက ရရှိလာတဲ့အနုပညာကြးတွေကိုလည်း စုဆောင်းပြီး မိသားစုကို လိုလေသေးမရှိအောင်ထားပေးတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့မိခင်ကလည်း သမီးအလိမ္မာလေးကြောင့် အမြဲစိတ်ချမ်းသာပြီးပျော်ရွှင်နေရတာပါနော်။ဖြူဖြူထွေးက အသက်သာငယ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ပရိသတ်တွေလက်ခံအားပေးလာအောင် ကြိုးစားနိုင်တဲ့သူလေးဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက အလှူအတန်းဆိုရင်လည်း အမြဲလှူဒါန်းနေတာကြောင့် သူမရဲ့စိတ်ဓာတ်လေးကို ပရိသတ်တွေက ချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းသားချော အကယ်ဒမီခန့်စည်သူနဲ့အတူ ချင်းချောင်းနန်းတော်ဝင်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို တစ်နိုင်တစ်ပိုင်လေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။အလှူရေစက်လက်နဲ့မကွာဘဲ ယခုလိုကိုဗစ်ကာလမှာတောင် အမြဲလှူဒါန်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

Source&Photo Credit:Phyu Phyu Htwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။