Jumanji ဆိုတဲ့ကားကို ရုပ်ရှင်ကြိုက် ပရိသတ်ကြီးတိုင်း သိကြမယ်လို့ထင်ပါတယ်။ အဲ့ကားဟာဆိုရင်လဲ The Rock တို့မတိုင်ခင် ၁၉၉၅ ခုနှစ်ကတည်းက ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ The Rock တို့အဖွဲ့ရဲ့ Jumanji က အဆက်ထွက်ရှိလာတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အကြိုက်ကိုလဲ ရရှိခဲ့ပြီး အောင်မြင်တဲ့ကားတစ်ကားလဲဖြစ်ပါတယ်။ ခုဆိုရင်လဲ Jumanji ဆိုတဲ့ ဂိမ်းကိုထွက်ရှိခဲ့ပါတယ်။  

ဂိမ်းကစားရတဲ့ပုံစံကတော့ Temple Run တို့လိုမျိုး ပြေးကစားရတဲ့ ဂိမ်းပါ။ Temple Run ဆိုတဲ့ဂိမ်းဘယ်လောက်အောင်မြင်လဲဆိုတာကိုလဲ ပရိသတ်ကြီး အနေနဲ့ သိရှိမယ်လို့ထင်ပါတယ်။ ခု Jumanji ဂိမ်းဟာဆိုရင်လဲ ပြေးလွှားနေရမဲ့ ဂိမ်းဖြစ်ပါတယ်။ ဒါပေမဲ့ သူက ပိုမိုပြီးတော့ ဆန်းသစ်ထားပါတယ်။ အသစ်အဆန်းလေးတွေနဲ့ လူ့ကို စိတ်လှုပ်ရှားမှုလေးတွေပေးထားတော့ ကစားရတာ ပျင်းမနေတော့ပါဘူး။  

ဇာတ်လမ်းလေးကတော့ အဖိုးတန်ရတနာတစ်ခုဟာ အခိုးခံလိုက်ရတာဖြစ်ပြီး အဲ့ဒီရတနာကို ပြန်ယူရမှာဖြစ်ပါတယ်။ ကစားရတဲ့ ပုံစံက အမျိုးမျိုးရှိပြီး အာ့တွေကတော့ ရန်သူတွေကို ပြေးရင်တိုက်ခိုက်တာတွေ၊ တိရစ္ဆာန်တွေကြားထဲ ပြေးရတာတွေ၊ ရေခဲတောင်ပေါ်တက်တာတွေ၊ ရေတံခွန်ပေါ်က ခုန်ချတာတွေ စတာတွေနဲ့ ပြေးရမှာပါ။ ရုပ်ရှင်ကားထဲကလိုပဲ သင်ဟာ Dr. Smolder Bravestone, Franklin “Mouse” Finbar, Ruby Roundhouse, Professor Shelly Oberon စတဲ့သူတွေထဲက တစ်ယောက်ကိုရွှေးချယ်ကစားနိုင်ပြီး သူတို့ဆိမှာ မတူညီတဲ့ Skill တွေရှိပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။