ယနေ့ခေတ်ဖုန်းဂိမ်းတွေဟာဆိုရင် အရင်ခေတ်တုန်းက ဖုန်းဂိမ်းတွေထက်လဲ အဆင့်မြင့်နေပြီးဖြစ်ကာ တစ်ကမ္ဘာလုံးကလဲ PlayStation, Xbox, PC စတဲ့ Platform ပေါ်ကဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားနိုင်အောင် Company ကြီးတွေက ချဲ့ထွင်နေပြီဖြစ်ပါတယ်။ ခေတ်ဆိုတာ တိုးတက်လာတာနဲ့အမျှ အရာရာ ဟာလဲ တိုးတက်ပြောင်းလဲနေပြီဖြစ်ပါတယ်။ ခုဖော်ပြမဲ့ ဂိမ်းဟာဆိုရင်လဲ တခြား Platform တွေပေါ်က RPG လိုဆော့လို့ကောင်းတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ 

ဂိမ်းနာမည်ကတော့ Questland: Turn Based RPG ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Character ကို စိြတ်ကိုက်ဖန်တီးပြီး မြေပုံအနှံ့ပတ်ကာ Quest တွေကို အောင်မြင်ပြီးဆုံးအောင်လုပ်လိုက်ပါ။ တစ်နေရာနဲ့တစ်နေရာမတူညီတဲ့ ဒေသတွေနဲ့အတူ မတူညီတဲ့ Monster တွေ ရန်သူတွေကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒေသခံတွေကို ကူညီရင် မတူညီတဲ့ Armor တွေ ပါဝါတွေ စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် Upgrade လုပ်ပြီး ရန်သူတွေကို တိုက်ခိုက်လိုက်ပါ။ ကစားသူများပြားပြီး လူအများနှစ်သက်ကျေနပ်ကြတဲ့ RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။