Beauty Blogger လောကမှာ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာဘက်သို့ ကူးပြောင်းရာမှာတွင်လည်း ပရိသတ်တွေရဲ့ အသိမှတ်ပြု လက်ခံအားပေးမှုတွေကို အချိန်တိုအတွင်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်ခံရမှုတွေများစွာနဲ့ ကြုံတွေ့ရသော်လည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ကာ ရှေ့ဆက်ရမယ့် အနုပညာခရီးပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ချီချီဟာ သူမရဲ့ Facebook page မှတစ်ဆင့် မိန်းကလေးတိုင်းအတွက် အသုံးဝင်မယ့် Makeup tutorial လေးတွေကို လိမ်းခြယ်ပြသပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချီချီတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာအနားယူ အပန်းဖြေနေထိုင် လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုတော့ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Tik Tok Account
Photo Crd- Nay Chi Oo’s Tik Tok Account
Photo Crd- Nay Chi Oo’s Tik Tok Account

မနေ့ညကလည်း ချီချီရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမအပီဒွန့်ခဲ့တဲ့ကကွက်တွေကိုပြန်ကြည့်ပြီး သဘောတွေကျကာ အားရပါးရရယ်မောနေတဲ့ ချီချီရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account 

@naychioo

##duet with @callmek22

♬ original sound - May yoon htet htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။