မင်းသမီးချောလေးစမိုင်းလ်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ခင်ပွန်းသည်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

သူမကတော့ ယခုမှာ မိသားစုကိုအချိန်ပေးလျက်ရှိနေပြီး သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။  သူမကတော့ ယခုမှာ ချစ်ခင်ပွန်းသည်လက်စွမ်းပြပြီး ညှပ်ပေးလိုက်တဲ့ ဆံပင်ပုံစံလေးကြောင့် နိုင်ငံခြားသူလေးလို အထာကျကျလေးဂေါ်နေခဲ့ပါတယ်။ သူမရဲ့ ​ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

သူမကတော့ ယခုမှာ " ယောကျာ်းမိန်းမကိုဘယ်တုန်းကတေးထားလဲဆိုတာ ဆံပင်တွေတစ်ခြမ်းလုံးရိတ်ပြီးတော့မှသိပြီလေ မျက်ခုံးမွှေးပါသွားတာတောင်မပြောလိုက်ရ ( ဒါကကွကိုယ်လုပ်လိုက်တာ သူလုပ်ကြည့်ပါလားဟင်းဟင်း) " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးစမိုင်းလ်ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: စမိုင်းလ် Smile's Facebook page

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။