ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင် Jennyကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး သီချင်းလေးတွေဆိုခဲ့တဲ့သူဖြစ်ပါတယ်နော်။Jennyက မြန်မာအကကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ကတတ်လို့ အငြိမ့်တွေမှာလည်း ဖျော်ဖြေတဲ့သူဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ရင် ဘက်စုံထူးချွန်တဲ့ Jennyကို ပရိသတ်တွေက အခိုင်အမာအားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Jenny's Facebook Account
Photo Credit:Jenny's Facebook Account
Photo Credit:Jenny's Facebook Account

Jennyက လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သီချင်းအသစ်တွေကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။Jennyက အဆိုတော်၊ဒါရိုက်တာယုန်လေးနဲ့လည်း မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးပြီး အနုပညာအလုပ်တွေ အတူတူတွဲလုပ်ကြပါတယ်နော်။ယုန်လေးကလည်း အလှူအတန်းဆိုရင် တတ်နိုင်သလောက်လှူဒါန်းနေတဲ့အပြင် စိတ်သဘောထားပြည့်ဝလို့ မိတ်ဆွေသူငယ်ချင်းတွေက ခင်မင်ရင်းနှီးနေရတာဖြစ်ပါတယ်။

Photo Credit:Jenny's Facebook Account
Photo Credit:Jenny's Facebook Account

မကြာသေးခင်ကလည်း ယုန်လေးက လမ်းပေါ်မှာတွေ့တဲ့သူမှန်သမျှကို ထီလက်မှတ်နဲ့ငွေကြေးလေးကို လိုက်ဝေခဲ့ပြီး ခင်မင်ရတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို Challengeခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီChallengeကို Jennyကလက်ခံပြီး မေမေနဲ့အတူ ထီလက်မှတ်တွေနဲ့ပိုက်ဆံကို လိုက်လံလှူဒါန်းခဲ့တာဖြစ်ပါတယ်။Jennyတို့သားအမိနှစ်ယောက်ရဲ့ ကုသိုလ်ပြုတာလေးက ကြည်နူးပီတိဖြစ်စရာကောင်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Jenny's Facebook Account
Photo Credit:Jenny's Facebook Account
Photo Credit:Jenny's Facebook Account

Source&Photo Credit:Jenny's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။