မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ပြီး နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက လူချစ်လူခင်ပေါများသူလေးဖြစ်ပြီး ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုကိုရော မိန်းကလေးပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင်ချစ်စရာကောင်းတဲ့ အပြုံးအလှပိုင်ရှင်လေးက ဆုမြတ်နိုးဦးက ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့တောင် ချောမောလှပနေတာ ဖြစ်ပါတယ် ။

Photo Credit-Hsu Myat Noe Oo's FB Acc
Photo Credit-Hsu Myat Noe Oo's FB Acc
Photo Credit-Hsu Myat Noe Oo's FB Acc

ဆုမြတ်နိုးဦးက ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တာကြောင့် သူငယ်ချင်းတွေနဲ့ဆိုရင်လည်း အမြဲတမ်းစနောက်ရယ်မောနေတတ်တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဆုမြတ်နိုးဦးက သူငယ်ချင်းတွေဖြစ်ကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်တို့နဲ့အတူ အခွီဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ မနေ့ကလည်း ဆုမြတ်နိုးဦးက ကျော်ကျော်နဲ့အတူ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Hsu Myat Noe Oo's FB Acc
Photo Credit-Hsu Myat Noe Oo's FB Acc
Photo Credit-Hsu Myat Noe Oo's Tik Tok Acc

ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့သူငယ်ချင်းနှစ်ယောက်ကတော့ Tik Tok ဗီဒီယိုလေးရိုက်ရင်း တစ်ယောက်တစ်မျိုးစီ အပီအပြင်ပို့စ်ပေးနေတာကြတာပဲ ဖြစ်ပါတယ် ။ အလန်းစားဖက်ရှင်လေးနဲ့ အရမ်းလှနေတဲ့ ဆုမြတ်နိုးဦးရဲ့အမူအရာလေးတွေကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဆုမြတ်နိုးဦးနဲ့ မင်းသားချောကျော်ကျော်တို့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Hsu Myat Noe Oo's Tik Tok Acc 

@hsumyatnoeoo1

original sound - Shoon lai lai lynn
@hsumyatnoeoo1

original sound - Music Travel Love
@hsumyatnoeoo1

၂ယောက်မရှိဘူး

original sound - Th@x Th@x

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။