ကာရိုက်တာမျိုးစုံကို တစ်ခုနဲ့တစ်ခု မထပ်ရအောင် သရုပ်ဆောင်နိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မခိုင်လေးဟာ ယနေ့ချိန်ထိ နုပျိုလှပနေပြီး ဆယ်ကျော်သက်မိန်းကလေးတွေကတောင် ငေးမောနေရတဲ့ အထိပါပဲနော်။

Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account

မကြာသေးခင် ရက်ပိုင်းလောက်ကပဲ သူမရဲ့ မွေးနေ့လေးကို နေအိမ်မှာဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလှူလေးတွေပြုလုပ်ကာ မွေးနေ့လေးကို ဖြတ်သန်းခဲ့တာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ Facebook Story မှာ လက်ဆောင်ရခဲ့တဲ့ အရာလေးတစ်ခုကို ဓာတ်ပုံလေးရိုက်ကာ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account

ဒါကတော့ မွေးနေ့မှာ သမီးဖြစ်သူရေးသားထားတဲ့စာလေးရရှိခဲ့တာကြောင့် အရည်တွေပျော်ကာ ကြွေခဲ့ရတဲ့ ခိုင်သင်းကြည်ဖြစ်ပါတယ်။ မခိုင်လေးကလည်း " မွေးနေ့မှာ အမေ့ကိုပြန်ချွဲ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khine Thin Kyi’s Facebook Account 

Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account
Photo Crd- Khine Thin Kyi’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။