ပရိသတ်ကြီးရေ...အချစ်ဆုံး သူငယ်ချင်းလေး ချောရတနာကို ဆုကဗျာက နှစ်ယောက်အတူ ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တာပါနော်။ ကြည်နူးစရာပုံရိပ်လေးတွေအပြင် " Happy Birthday အချစ်ဆုံး သူငယ်ချင်းလေး ချော အသက် ၁၆ နှစ်အရွယ်မှာ ခိုစိမ်း ဖိနပ်ကြော်ငြာလေး မထက်နဲ့ အတူရိုက်ပြီး အခု နှစ် (၂၀) ကျော်ကြာတဲ့အထိ မပြောင်းလဲသော အချစ်တွေနဲ့ ငါ့အပေါ် နားအလည်ဆုံး သူငယ်ချင်းလေး ကျန်းမာ ပျော်ရွှင် အောင်မြင် သော မိသားစုဘဝ လေး ဆက်လက်ရရှိနိုင်ပါစေ ငယ်ငယ်ကတည်းက မကြ်ိုက်တာလည်း တူတတ်ကြသလို၊ လက်ဖက်ရည် ကြိုက်တာချင်းကအစ တူ ၊ 

Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook

အေးလာရင် ခြေချောင်းလေးတွေ အကြောကပ်တာက အဆုံး ၊ ဘုပေါက်ရင်တောင် တစ်ပြိုက်နက်တည်း ပေါက်တတ်တာချင်းပါ အံ့ဩဖွယ် တူတတ်တဲ့ သူငယ်ချင်း လူတစ်ယောက်ကို စိတ်ထဲ တကယ်မခင်တတ်၊ မချစ်တတ်ရင် ဟန်ဆောင်အပြုံးလေးတောင် ပြုံးမပြတတ်တာချင်းကအစ မကောင်းတဲ့ အကျင့်အကုန် တူတတ်တဲ့ သူငယ်ချင်း အိမ်မှာ ငါကြိုက်တဲ့ ဟင်းတွေ ချက်တိုင်း အစားမက်တဲ့ ငါ့ကိုသတိတရ ကျွေးချင်တတ်တဲ့သူငယ်ချင်း စိတ်ကြီးတဲ့ ငါ့ကိုပညာသား ပါပါ အမြဲနားချတတ်တဲ့ သူငယ်ချင်း ( သူစိတ်တိုရင်တော့ ကိုယ့်မှာ ကုတ်နေရတာ ) 

Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook

ငါဘာလေး လုပ်ချင်တယ် ဖြစ်ချင်တယ်ကအစ ငါ့စိတ် ကိုအကဲခတ်ပြီး အမြဲလိုက်လျောပေးတတ်တဲ့ သူငယ်ချင်း ဘုရားသွားမယ်ဆိုလည်း မငြင်း ၊ Bar သွားမယ်ဆိုလည်း အသင့် ပြင်ထားတတ်တဲ့ သူငယ်ချင်းလေး အခုထက်ပိုချစ်ကြမယ် အခုထက် ပို ချစ်ပေးပါ ငါ အိမ်ထောင်ပြုရေး မပြု ရေးပါ အမြဲတွေးပူ တတ်လွန်းသူလေး မိသားစုနဲ့ ညီအစ်မတွေ အပေါ် ဒီထက်မက တာဝန် ကျေပွန် စောင့်ရှောက် ပေးကမ်းနိုင်သူလေး ဖြစ်ပါစေ အသက်ရှင်နေသရွေ့ ချစ်နေမယ် " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook
Photo credit - Hsu Paing Win's Facebook

Photo credit - Hsu Paing Win's Facebook

Source  - Hsu Paing Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။