အကယ်ဒမီဦးခင်လှိုင်ကတော့ လက်ရှိမှာဆိုရင် အလှူအတန်းတွေကို အမြဲလုပ်ဆောင်နေပြီး ကိုဗစ်ကာလမှာ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်။ခင်လှိုင်က အနုပညာအလုပ်တွေကိုလည်း ခဏနားထားပြီး မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်နော်။ခင်လှိုင်တို့မိသားစုလေးက မိသားစုဝင်တွေအများကြီးနဲ့ အရမ်း‌စည်းလုံးကြတဲ့ မိသားစုလေးဖြစ်ပါတယ်။

Photo Credit:Khin Hlaing's Facebook Account
Photo Credit:Khin Hlaing's Facebook Account
Photo Credit:Khin Hlaing's Facebook Account

ခင်လှိုင်ကလည်း သားသမီးတွေအပေါ်မှာ လုံခြုံနွေးထွေးစွာနဲ့ စောင့်ရှောက်ပေးပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချွေးမတွေကိုလည်း သမီးအရင်းတွေလို ချစ်ခင်ကြင်နာပေးတဲ့သူလည်းဖြစ်ပါတယ်။ခင်လှိုင်ကတော့ သာယာအေးချမ်းတဲ့မိသားစုလေးကြောင့် အမြဲစိတ်ချမ်းသာပြီး အရွယ်တင်နုပျိုနေတာပဲဖြစ်ပါတယ်။

Photo Credit:Khin Hlaing's Facebook Account
Photo Credit:Khin Hlaing's Facebook Account

မကြာသေးခင်ကလည်း ခင်လှိုင်က မြေးချောလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်လိုက်တာဖြစ်ပါတယ်။ခင်လှိုင်ရဲ့မြေးမလေး ရွှေခေတ်က မွေးစကတည်းက ပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။အခုဆိုရင်တော့ ခင်လှိုင်တို့က မြေးချောလေးကိုတွေ့ချင်လို့ Video Callပြောပြီး ချစ်မဝဖြစ်နေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Khin Hlaing's Facebook Account
Photo Credit:Khin Hlaing's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Mystory

Source&Photo Credit:Thazin Htoo Myint's Facebook Mystory/Khin Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။