အဆိုတော်နေဝင်းကတော့ ဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ် ။ အထူးသဖြင့် နေဝင်းက Rap သီချင်းကောင်းလေးတွေကို သီဆိုတတ်တာကြောင့် လူငယ်ပရိသတ်တွေကြားမှာ ပိုပြီး ရေပန်းစားလူကြိုက်များနေတာ ဖြစ်ပါတယ် ။ Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေဝင်းက အဆိုတော်ဖြိုးလေးနဲ့အတူ သီချင်းတွေ ဆက်လက်ဖန်တီးနေသလို သူတို့ရဲ့သီချင်းတွေကလည်း အမြဲတမ်းအောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

လက်ရှိအချိန်မှာ နေဝင်းက အိမ်ထောင်ဦးစီးဘဝကိုခံယူပြီး ချစ်ဇနီးနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာ ဖြစ်ပါတယ် ။ နေဝင်းတို့ဇနီးမောင်နှံကတော့ ချစ်သူဘဝကတည်းက တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိနဲ့ နှစ်အတော်ကြာအောင် လက်တွဲခဲ့ကြတာ ဖြစ်ပါတယ် ။ သာယာကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ရရှိထားတဲ့ နေဝင်းတို့စုံတွဲလေးကို ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

အခုလည်း နေဝင်းတစ်ယောက် ချစ်ဇနီးလေး အိမ့်ချစ်ချောရဲ့စနောက်ကျီစယ်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ် ။ အိမ်ခေါင်မိုးအပေါ်တက်ပြီး ကနေတဲ့နေဝင်းကို အိမ့်ချစ်ချောက ဗီဒီယိုလေးအမိအရရိုက်ကူးပြီး ချစ်စနိုးနဲ့ ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်သည်ဘဝ‌လေးမှာ ပျော်ရွှင်နေကြတဲ့‌ နေဝင်းတို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Eainy Chit Chaw's FB Story

Photo Credit-Eainy Chit Chaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။