မင်းသားချောလေးဘုန်းလျှံကတော့ ကျရာနေရာတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ဘုန်းလျှံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ 

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

မင်းသားချောလေးဘုန်းလျှံကတော့ မကြာခင်သူနဲ့ လက်ထပ်တော့မယ့် ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့ ချပြထားခဲ့တာပဲဖြစ်ပါတယ်။ဘုန်းလျှံကတော့ ယခုမှာ ချစ်သူကောင်မလေးနဲ့အတူ အင်္ကျီဆင်တူလေးတွေဝတ်ဆင်ပြီး ရိုဆန်နေကြကာ လျှောက်လည်နေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။ ဘုန်းလျှံတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘူန်းလျှံကတော့ " Stay home ကာလမြန်မြန်ပြီးရင်.မြန်မြန်အပြင်ထွက်လို့ရပြီပေါ့ "ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက်မင်းသားချောလေးဘုန်းလျှံတို့စုံတွဲလေးရဲ့ ကြည်နူးစရာ​ကောင်းပြီး ရိုဆန်လွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source -Bhone Hlan's FB Acc

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။