ချစ်ပရိသတ်ကြီးရေ မင်းသား နိုင်းနိုင်းဟာ တစ်ခေတ်တခါက အနုပညာနယ်ပယ်မှာ တည်ကြည်ခန့်ညားမှုနဲ့ စမတ်ကျကျဖက်ရှင်တွေဝတ်စားဆင်ယဥ်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ မိသားစုတွေကတော့ နယူးယောက်မြို့လေးမှာ အခြေချနေထိုင်နေတာဖြစ်ပြီး သူတစ်ယောက်ထဲသာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit- Actor99 fb page
Photo Credit- Actor99 fb page

မကြာသေးမှီ ရက်ပိုင်းလောက်က နိုင်းနိုင်း ဟာ မိသားစုတွေရှိတဲ့ နယူးယောက်မြို့လေးကနေ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာကာ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးဖြစ်တာကြောင့် ရန်ကုန်ပြန်ရောက်ရောက်ချင်းမှာဘဲ Quarantine(၁၄) ရက် ဝင်ရောက်ခဲ့ရပါတယ်။Quarantine ဝင်နေစဉ်အတွင်းမှာလည်း သူ့ရဲ့ အတွေ့အကြုံတွေကို ပရိသတ်တွေအတွက်ပြန်မျှဝေပေးပါသေးတယ်။ ယခုမှာလည်း နိုင်းနိုင်း က မြန်မာနိုင်ငံရဲ့ Covid 19 ကူးစက်ပြန့်ပွားမှု နှုန်းမြင့်တက်နေတဲ့ အချိန်လေးမှာ ပရိသတ်တွေကို အကြံပြုထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Actor99 fb page
Photo Credit- Actor99 fb page

ဒီဗီဒီယိုလေးနဲ့လည်း နိုင်းနိုင်း က " ကျွန်တော်ချစ်သောပရိသတ်ကြီးနှင့် မြန်မာနိုင်ငံသူ/သားအပေါင်းတို့ ....မပြီးနိုင်မစီးနိုင်သော တစ်လောကလုံးကို ပတ်မွှေနေသော Covid-19ကို အတူကျော်ဖြတ်ဖို့ ကျွန်တော်အကြံပြုပါရစေခင်ဗျား....အနံ့ရခြင်း၊ အရသာရှိခြင်းများနှင့်ပြည့်စုံပြီး နေကောင်းကျန်းမာကြပါစေ" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း နိုင်းနိုင်း အတွေ့အကြုံလေးတွေကို ပြန်လည်ကြည့်ရှု့ရင်း ကပ်ရောဂါဆိုးကြီးကို အတူတူတိုက်ထုတ်ကြမယ်နော်...။

Photo Credit- Actor99 fb page

Source - Actor99 fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။