ပရိသတ်ကြီးရေ လင်းဇာနည်ဇော်တို့မိသားစုကတော့ စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြပြီး အမြဲစည်းလုံးကြတဲ့သူတွေဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ရဲ့ "ရွှေခေါက်ဆွဲ"စီးပွားရေးလေးကလည်း အခုနောက်ပိုင်းမှာ အရမ်းတွင်ကျယ်လာပြီး အောင်မြင်တိုးတက်လာပါတယ်နော်။လင်းဇာနည်ဇော်တို့မိသားစုလေးက စိတ်သဘောထားလည်းပြည့်ဝကြပြီး ရိုးသားကြသူတွေဖြစ်လို့ ချစ်သူခင်သူတွေပေါများနေတာဖြစ်ပါတယ်။

Photo Credit:သန်း ထွန်း ဇော် Facebook Account
Photo Credit:သန်း ထွန်း ဇော် Facebook Account

လင်းဇာနည်ဇော်တို့မိသားစုလေးက အချင်းချင်း နားလည်မှုအပြည့်ပေးကြပြီး ဖေးမကူညီကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ မိသားစုလေးဖြစ်ပါတယ်။ချစ်ချစ်ဇော်ကလည်း အစ်မကြီး အမိရာပီပီ မောင်နှမတွေအပေါ်မှာ မေတ္တာအပြည့်အဝနဲ့ ဂရုစိုက်ပေးတာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာတော့ လင်းဇာနည်ဇော်တို့မိသားစုလည်း အိမ်ထဲမှာပဲနေပြီး Covid19ကို ကာကွယ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:သန်း ထွန်း ဇော် Facebook Account
Photo Credit:သန်း ထွန်း ဇော် Facebook Account
Photo Credit:သန်း ထွန်း ဇော် Facebook Account

အခုဆိုရင်တော့ ဒါရိုက်တာမိုက်တီးက"အစိုးရိမ်ကြီးတဲ့ အကြီးမ က ဝယ်လာတာတွေကို ဆပ်ပြာရည်နဲ့ ဆေး-ကြော-စိမ်-လှမ်း ၊အငယ်မက ဓာတ်ပုံခိုးရိုက် ၊ ကျွန်‌တော်က သူတို့အားလုံးကို ထပ်ရိုက်"ဆိုပြီး အိမ်ထဲမှာပဲ အပြန်အလှန်ဓာတ်ပုံခိုးရိုက်နေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့ ချစ်မမကြီးကို အပီအပြင်ဓာတ်ပုံရိုက်‌ပေးပြီး အရမ်းပျော်ဖို့ကောင်းနေတဲ့ သူမတို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:သန်း ထွန်း ဇော် Facebook Account
Photo Credit:သန်း ထွန်း ဇော် Facebook Account

Source&Photo Credit:သန်း ထွန်း ဇော် Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။