မော်ဒယ်လ်လောကမှတစ်ဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ သူလေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ ပိုးက "ဆိုင်းမိုင်"ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများအောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သရုပ်ဆောင် ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

လက်ရှိမှာတော့ ပိုးက ကပ်ရောဂါတိုက်ဖျက်ရေး ကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာတွေ့ရပါတယ်။ တောင်းတင်းလှပပြီး အချိုးအစားပြေပြစ်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ပိုးက ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်သလို အသားအရည်လေးကလည်း ဖြူဝင်းလှပတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်လေးပါနော်။

Photo credit - Poe Kyar Phyu Khin's FB account

ယနေ့မှာတော့ ပရိသတ်အချစ်တော်မလေး ပိုးကြာဖြူခင်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ ဖက်ရှင်လေးနဲ့ အထာကျကျပိုစ့်ပေး ဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပိုးကြာဖြူခင်ရဲ့ ပုံရိပ်အလှလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။

Photo credit - Poe Kyar Phyu Khin's FB account

Photo credit - Poe Kyar Phyu Khin's FB account

Source - Poe Kyar Phyu Khin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။