Photo credit - Team Liquid twitter

Europe region က esports organization တစ်ခု​ဖြစ်တဲ့ Team Liquid ကတော့ Jabbz ကို dota 2 team ရဲ့ coach & analyst အဖြစ်ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Jabbz ဟာ German professional dota 2 player တစ်ယောက်ဖြစ်ပြီး သူရဲ့ player life ဟာ 2018 ခုနှစ် 10 လပိုင်းမှာ Kingdra အသင်းကထွက်ပြီးနောက်မှာ အဆုံးသတ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာ​တော့ Jabbz ဟာ သူ့ရဲ့ carrier life ကိုပြောင်းလဲခဲ့ပြီး player ဘဝကနေ အခုလို coach & analyst အဖြစ်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

Jabbz ဟာ player ဘဝမှာထဲက tier 1 dota 2 team တွေမှာ ကစားခဲ့ဖူးခြင်းမရှိခဲ့ပေမယ့် ဘယ်လိုအရည်အချင်းတွေကြောင့် Team Liquid က coach & analyst အဖြစ်ခေါ်ယူခဲ့သလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Team Liquid dota 2 team အနေနဲ့လည်း လက်ရှိမှာ performance ပိုင်းဆိုင်ရာမှာ အားနည်း​​နေပြီး သူတို့ရဲ့အကောင်းဆုံးပုံစံတစ်ခုကို ပြသဖို့ လိုအပ်ချက်တွေရှိနေပါတယ်။

Team Liquid အနေနဲ့ နောက်ရက်အနည်းငယ်လောက်နေရင် ESL One Germany 2020 ကိုဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေပြ်ီး Jabbz ရဲ့ ဦးဆောင်မှုနဲ့အတူ ဘယ်လိုတွေပြောင်းလဲလာမလဲကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - Team Liquid twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။