Photo credit - ESL Dota 2 twitter

အခုဆိုရင်တော့ ESL One Germany 2020 မှာဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမယ့် dota 2 အသင်းတွေ အစုံအလင်ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

closed qualifier ပွဲစဥ်တွေဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး mudgolems , Winstrike Team, Yellow Submarine , EXTREMUN, နဲ့ Tempo Esports တို့ဟာ qualified ဖြစ်ပြီး main stage ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

Main stage မှာတော့ direct invite ရရှိထားကြတဲ့ OG, Team Secret,Team Nigma, Team Liquid, Alliance ,Ninjas in pyjams, Cyber Legacy, Natus Vincere ,Vikin.gg, Hellraisers နဲ 5men တို့ရှိနေပြီး closed qualifier ကနေတက်လာတဲ့အသင်းတွေနဲ့အတူ group stage ပွဲစဥ်တွေကို လာမယ့် အောက်တိုဘာလ 5 ရက်နေ့ကနေ 20 ရက်နေ့ထိ ယှဥ်ပြိုင်ဆော့ကစားသွားရမှာပဲ ဖြစ်ပါတယ်။

အောက်တိုဘာလ 23 ရက်နေ့မှာတော့ playoffs ပွဲစဥ်တွေစတင်မှာဖြစ်ပြီး Grand Final ပွဲစဥ်ကတော့ လာမယ့် နိုဝင်ဘာလ 1 ရက်နေ့မှာ ယှဥ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စုစုပေါင်းပေးအပ်သွားမယ့် prize pool ကတော့ $400,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းကတော့ ဆုကြေးငွေ $150,000 USD ရရှိမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ Team Secret ရဲ့ ကိုးခုမြောက် champion ဆုပဲဖြစ်လာမလား ဒါမှမဟုတ် ဘယ်အသင်းကပဲ champion ဆုကိုရယူနိုင်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင် ဘော်ဒါတို့....

Source - ESL Dota 2 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။