ယနေ့ခေတ်မှာဆိုရင်ဝောာ့ ဂိမ်းတွေဟာ တစ်မျိုးပြီးတစ်မျိုး တစ်ခုပြီးတစ်ခုမရိုးနိုင်အောင် ထွက်ရှိနေပြီပြဲဖစ်ပါတယ်။ သို့သော်လဲ တခါတလေမှာတော့ အရမ်းကြီးကို Graphicကောင်းပြီး ကြမ်းတမ်းလွန်းတဲ့ဂိမ်းတွေအစား ခုဖော်ပြသွားမဲ့ ဂိမ်းသေးလေး တစ်ခုကိုဆော့ကြည့်ပါလို့‌တိုက်တွန်းချင်ပါတယ်။ ဂိမ်းသေးလေးဆိုပေမဲ့လဲ ဦးနှောက်သုံးကစားရတာမို့ ၁၀ခန်းလောက်ထိတောင်ရောက်ဖို့ခတ်ပါတယ်။ 

ဂိမ်းနာမည်ကတော့ That Level Again ပဲဖြစ်ပါတယ်။ တွေးကြည့်ပါ.....သင်သာအခန်းတစ်ခန်းထဲကို ခဏခဏကစားနိုင်မယ်လို့ထင်ပါသလား။ ဒီအခန်းနိုင်လဲနောက်တစ်ခန်းက အဲ့အခန်းပဲ...အဲ့အခန်းနိုင်လဲ အဲ့အခန်းပဲ။ သင်အနေနဲ့စိတ်ရှည်ရှည်နဲ့ဆော့နိုင်မယ်ထင်ပါသလား။ levelကတော့ ၈၀ ထိပါပါတယ်။ တစ်ခန်းနဲ့တစ်ခန်းပြင်ဆင်ပုံတူပေမဲ့ ဉာဏ်စမ်းတွေကတော့ တူညီမှာမဟုတ်ပါဘူး။ 

ဦးနှောက်ကိုတော်တော်သုံးရတဲ့ဂိမ်းတစ်ခုဖြစ်တာမို့ သင်အနေနဲ့တော့ စဉ်းစားရပါမယ်။ ဉာဏ်စမ်းဂိမ်းအနေနဲ့ဆိုရင်တော့ ဆော့လို့ကောင်းပါတယ်။ ဘယအကူအညီမှမယူပဲ သင်ကိုယ်တိုင် ဘယ်အဆင့်ထိရောက်နိုင်မလဲဆိုတာ ကြိုးစားပြီးဆော့ကြည့်ပါ။ ရိုးရိုးလေးနဲ့ရှုပ်တာတွေရှိပြီး ရိုးရိုးလေးနဲ့ကြောင်နေတာတွေရှိပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။