Photo credit - HLTV

CS:GO နယ်ပယ်ရဲ့ နာမည်ရ coach တစ်ဦးဖြစ်တဲ့ Chet ကတော့ သူ့အနေနဲ့ cs:go competitive scene ကနေ အနားယူခဲ့ပြီ ​ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Chet အတွက်ကတော့ 2018 , 2019 ခုနှစ်တွေက သူ့အတွက်ရွှေရောင်လွှမ်းတဲ့ နေ့ရက်တွေဖြစ်ခဲ့ပေမယ့် 2020 မှာတော့ ရလာဒ်တွေမကောင်းခဲ့သလို အခြားသော ပြသနာတွေကြောင့်လည်း အနားယူသွားခဲ့တာဖြစ်နိုင်ပါတယ်။

Chet ရဲ့ကြေညာချက်ထဲမှာတော့ သူ့အနေနဲ့ တနေ့နေ့မှာ competitive scene ကို ပြန်လာနိုင်တယ်လို့ ရေးသားထားခဲ့သလို နောက်ထပ်သတင်းအချက်တွေကိုလည်း ကြေညာသွားဖို့ရှိတယ်ဆိုတာပါ ပါဝင်ပါတယ်။

Chet ကတော့ သူ့ရဲ့ coach ဘဝကို CLG အသင်းမှာစတင်ခဲ့ပြီး အဲ့ဒီနောက်မှာ​တော့ Optic Gaming, NRG Esports, Evil Geniuses တို့မှာပါ coach အဖြစ်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံး တာဝန်ယူခဲ့တဲ့အသင်းကတော့ 100 Thieves ပဲ ဖြစ်ပါတယ်။

100 Thieves အနေနဲ့လည်း အသင်းရဲ့ coach ဖြစ်သူ Chet အနားယူသွားတာကြောင့် လက်ရှိမှာ အသင်းကိုဦးဆောင်နိုင်မယ့် coach တစ်ယောက်ကို ရှာဖွေနေရပါတယ်။

Chet အနေနဲ့လည်း အခုမှ အသက် 24 နှစ်အရွယ်ပဲရှိသေးတာဆိုတော့ အနာဂတ်တွေတောက်ပနေတဲ့ သူတစ်ဦးဖြစ်ပြီး ဘယ်အချိန်မှာဘယ်လိုပုံစံမျိုးနဲ့ ပြန်ပေါ်ထွက်လာမလဲကို စောင့်မျှော်နေကြရမှာပါပဲ။

Source -Chet twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။