တချို့သော ကလေးငယ်လေးတွေဟာ မွေးဖွားလာထဲက တ​ခြားသူတွေနဲ့မတူပဲ တစ်နေနေရာရာမှာ ထူးချွန်ကြသူတွေရှိကြပါတယ်။

အဲ့ဒီလိုလူတွေထဲကမှ ပရိသတ်တွေ အတွက် ဒီတစ်ခေါက်မှာဆိုရင်လအသက်ငယ်ငယ်လေး နဲ့ စကိတ်စီး အရမ်းကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံက ကလေးငယ်လေးတစ်ဦး အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Photo credit -Rita Ishizuka instagram
Photo credit -Rita Ishizuka instagram

ဒီကလေးငယ်လေးကတော့ အသက် သုံးနှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့နာမည်ကတော့ Rita Ishizuka ပဲ ဖြစ်ပါတယ်။

ဒီကလေးငယ်လေးဟာ သူ့ရဲ့ instagram အကောင့်မှာ စကိတ်စီး​​နေတဲ့ ဗီဒီယိုလေးတွေတင်ရာကနေ လူသိများလာခဲ့တာဖြစ်ပြီး သူ့ရဲ့ skate စီးတဲ့ skill တွေက ချစ်စရာလည်းကောင်းသလို ချီးမွမ်းစရာလည်း ကောင်းနေတာပဲ ဖြစ်ပါတယ်။

Photo credit -Rita Ishizuka instagram
Photo credit -Rita Ishizuka instagram
Photo credit -Rita Ishizuka instagram

စကိတ်စီးလေ့ကျင့်နေတဲ့ ဗီဒီယိုလေးတွေထဲမှာလည်း တခါတရံ ထိခိုက်ဒဏ်ရာရတာမျိုးတွေရှိပေမယ့် ချက်ချင်းပြန်ထပြီး နောက်တစ်ကြိမ်ပြန့ကျိုးစားတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်လေးကို မြင်ရပါတယ်။

ဒီကလေးငယ်လေးဟာ သူ့အသက်အရွယ်လေးနဲ့ စကိတ်စီး ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာကို အောက်က ဗီဒီယိုလေးတွေထဲမှာ ကြည့်လိုက်ရအောင်ဗျာ....

Source - Rita Ishizuka instagram and youtube channel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။