"အဲ့ဒီအချိန်မှာ အရမ်းကြီးဝိတ်ချလိုက်ရင် ကိုယ့်ကိုရိုင်းစိုင်းထားတဲ့သူတွေ အရမ်းကြီးစိတ်ဓာတ် တက်သွားမယ်"

အနုပညာရှင်အဖြစ် ဖြတ်သန်းခဲ့တဲ့ ကာလမှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခံရဖူး တယ်လို့ နာမည်ကျော် သရုပ်ဆောင် ဖွေးဖွေးက ပြောကြားပါတယ်။

“ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ဖွေးဝနေတာကို Body Shaming လုပ်ပြီး တော့ ရိုင်းရိုင်းစိုင်းစိုင်းတွေ အပြောခံ ရဖူးပါတယ်။ ဖွေးစဉ်းစားလိုက်တယ်။ ငါဝတာတစ်ခုပဲရှိတယ်။ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေတယ်။ ကိုယ်ကျင့်တရားလည်း ကောင်း အောင် နေ တယ်။ အဲ့ဒီအချိန်မှာ အရမ်းကြီးဝိတ်ချလိုက်ရင် ကိုယ့်ကိုရိုင်းစိုင်းထားတဲ့သူတွေ အရမ်းကြီးစိတ်ဓာတ် တက်သွားမယ်။ ကိုယ့်ကိုအားပေး နေတဲ့သူတွေ စိတ်ဓာတ်ကျသွားမယ်။ အဲ့ဒါကြောင့် ဖွေးဝနေပေမယ့်လည်း လှလှပပ နဲ့ အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြချင်တယ် “’ လို့ ၎င်းကထပ်လောင်း ပြောဆိုပါတယ်။

လူတစ်ယောက်မှာ ခန္ဓာကိုယ်ပိန်တာ ၊ ဝတာက အဓိကမကျဘဲ စိတ်ကောင်းရှိဖို့၊ ကိုယ့်အလုပ်ကို ကိုယ် ကြိုးစား ဖို့၊ တစ်ဖက်သားကို စိတ်ပိုင်း ဆိုင်ရာထိခိုက်သွား အောင် မထိုးနှက် ဖို့သာ အရေးကြီးကြောင်း၊ အနုပညာ လှုပ်ရှား မှု အနေနဲ့ ကတော့ ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် ဇာတ်လမ်းတွေကို ရွေးချယ်ဖတ်ရှု နေကြောင်း ဖွေး ဖွေး က ပြောကြားပါတယ်။

“ ပုံမှန်အားဖြင့် ဖွေးက ဟဲဗီး ဇာတ်တွေ ပိုကြိုက်တယ်။ ဒါပေမဲ့ ငါကြိုက်တာတွေပဲ ငါလုပ်လို့မဖြစ်သေးဘူး။ ပေါ့ပေါ့ ပါးပါး လေးနဲ့ ကိုယ့်စီနီယာအစ်ကိုတွေကို ပြန်ပံ့ပိုးတဲ့ ဇာတ်မျိုးလည်း ရိုက်မှ ဖြစ်မယ်လို့ စဉ်းစားခဲ့တယ်။ အဲ့ဒါကြောင့် ကြားထဲမှာ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေ၊ ဟာသဆန်ဆန် ဇာတ်လမ်းလေးတွေလက်ခံပြီး ရိုက်ဖြစ် တယ်။ နောက်ပိုင်း တော့ ရွှေကြာ လို ဟဲဗီးဒရာမာ ဇာတ်လမ်း မျိုးလည်း ပြန်ရိုက်ဖြစ်ပါတယ် “’ လို့ ဇာတ်လမ်းရွေးချယ် ရိုက်ကူး မှု အကြောင်းကို ၎င်းကပြောကြားပါတယ်။

Source Myanmar Beauty Stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။