Football လောကဟာဆိုရင် ယနေ့ချိန် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ လူကြည့်အများဆုံး Sport ဖြစ်ပါတယ်။ လူကြည့်အများဆုံးလဲဖြစ်သလို ဘောလုံးကစားသမားတွေဟာလဲ Handsome ဖြစ်နိုင်လွန်းပါတယ်။ တချို့ဆို Model တွေအရှုံးပေးရလောက်ပြီး မင်းသားတွေနဲ့ သူလိုငါလိုပါပဲ။ အဲ့ဒီလို ခန့်ညားပြီး မိန်းကလေးတွေကို စွဲဆောင်းနိုင်တဲ့ ဘောလုံးလောကက ကစားသမားများကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Ricardo Kaka

Kaka ကတော့ ဘောလုံးအားကစားလောကမှာ မသိတဲ့မရှိလောက်အောင် ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Kaka ဟာ ဘောလုံးသမိုင်းထဲမှာ FIFA World Cup, the UEFA Champions League, နဲ့ the Ballon d’Or တို့ကိုရရှိထားတဲ့ ကစားသမားတစ်ယောက်အဖြစ် ထင်ရှားပါတယ်။ Most Popular Football Players Of All Time မှာလဲသူဟာပါဝင်ပြီးသားပါ။ အဲ့အပြင် Kaka ဟာပထမဆုံး Twitter မှာ Followers 10 Million ပြည်တဲ့သူဖြစ်ပြီး သူ့ခေတ်သူအခါမှာလဲ Most Popular Footballer ဖြစ်ပါတယ်။

Marco Reus

Marco Reus ဟာဆိုရင် တစ်ချိန်တစ်ခါတုန်းက License မပါပဲ ကားမောင်းနှင်းခဲ့ဖူးလို့ ဒဏ်ငွေ ပေါင် 500,000 ကျော်ပေးဆောင်ခြင်းခံခဲ့ရဖူးပါတယ်။ Marco Reus ဟာ ၂၀၀၉ ခုနှစ်တုန်းက Carolin Bohs နဲ့တွဲခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ လမ်းခွဲခဲ့ကာ သတင်းတွေအရ သူတို့တွေဟာ Close Friend အနေနဲ့ဆက်လက်တည်ရှိတယ်လို့ကြားသိရပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ သူဟာ German model ဖြစ်တဲ့ Scarlett Gartmann နဲ့တွဲခဲ့ပါတယ်။ Marco Reus ဟာ EA Sports FIFA 17 ရဲ့ Cover Star လဲဖြစ်ပါတယ်။  

Cristiano Ronaldo

Juventus နဲ့ Portuguese တို့ရဲ့အတောင်ပံဖြစ်တဲ့ Cristiano Ronaldo ကို ပရိသတ်ကြီးတိုင်း သိရှိကြမှာပါ။ ဘောလုံးကစားသမားတွေထဲမှာ ဖက်ရှင်အရှိဆုံးတစ်ယောက်ဖြစ်ပြီး David Beckham အနားယူပြီးနောက် ၂၀၁၃ ကတည်းက Ronaldo ဟာ FIFA Ballon d’Or ကို ၅ကြိမ်တိုင် ရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Ronaldo ဟာ Greatest Footballers Of All Time မှာလဲ ပါဝင်ပါတယ်။ ၂၀၁၅တုန်းက Russian model Irina Shayk နဲ့လမ်းခွဲခဲ့ခြင်းက Media တွေကို အံ့သြစေခဲ့ပါသေးတယ်။ အဲ့နောက်မှာ Georgina Rodriguez နဲ့တွဲခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Sport Show

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။