ML ထဲမှာဆိုရင်တော့ Hero တိုင်းဟာ သူ့ခေတ် သူအခါ ရှိခဲ့ကြပါတယ်။ အဲ့လိုမျိုးတွေကြောင့် High Rank တွေမှာ ကိုင်မရအောင် အBan ခံရတဲ့ Heroတွေများစွာရှိပါတယ်။ အဲ့ထဲမှာမှ Lancelot လဲအပါအဝင်ပါပဲ...သူပေါ်လာပြီး သိပ်မကြာဘူး Ban ကုန်ကြပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ လွတ်လွတ်လပ်လပ် ကိုင်လို့ရနေပါပြီ။ ခုချိန်ထိတော့ သူဟာ ကိုင်လို့ကောင်းပြီး အသင်းအတွက် အသုံးဝင်ပါသေးတယ်။  လက်ရှိ Meta Assassin Hero ထဲမှာဆိုရင်လဲ Lancelotဟာပါ၀င်နေတုန်းပါပဲ။

Ricardo Kaka

Skill 1 ကတော့ ရန်သူဆိကို ဓားနဲ့ပြေးထိုးလိုက်တာဖြစ်ပြီး ပထမတစ်ချက်ထိတာနဲ့ အမှတ်တစ်ခုမှတ်လိုက်ပါတယ်။ အဲ့အမှတ်မရှိတဲ့ သူကိုထပ်ထိုးမယ်ဆိုရင် CD ဟာ ပြန်ပြည့်သွားပါလိမ့်မယ်။ ရန်သူကိုအမှတ်နှစ်မှတ် မှတ်မိရင်တော့ CD က ပုံမှန်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကိုယ့်အနေနဲ့ ဆက်တိုက်သုံးနိုင်ဖို့အကွက်ရှာနိုင်ရ အဆင်ပြေပါပြီ။ Skill 2 ကတော့ တြိဂံပုံ ခုတ်လိုက်မှာဖြစ်ပြီး ရန်သူကို 3 ဆ ထိစေပါတယ်။ ထိချက်တိုင်းက ၁စက္ကန့်ကြာအောင် ၃ရာခိုင်နှုန်းနှေးစေမှာဖြစ်ပြီး သုံးလိုက်တဲ့အချိန်မှာလဲသူဟာ invulnerable ဖြစ်သွားမှာပါ။

Marco Reus

Ultimate ကတော့ ထိုးချက်အပြင်းစားနဲ့ ရှေ့တည့်တည့် ထိုးလိုက်တာပဲဖြစ်တယ်။ Damageတော်တော် ထိပါတယ်။ အဲ့ဒီအချိန်မှာလဲ သူပေါ်တက်ရောက်လာတဲ့ Skill တွေကို ရှောင်လို့ရပါတယ်...Skill 2 လိုပါပဲ။ Passiveကတော့ သူ့အနေနဲ့ Skill 1 သုံးသလိုမျိုး Dash ပြုလုပ်တိုင်း ၄စက္ကန့်ကြာ Damage   10% တိုးနိုင်ပြီး ၃ကြိမ်ထိ စုနိုင်တာမို့ 30% ထိ Damage တိုးပါတယ်။ သူရဲ့Passive ကို Cyclone Eye နဲ့ Flicker သုံးပြီးတော့လဲ ရရှိနိုင်ပါတယ်။ Battle ဆိုင်ရင်တော့ အရင်ဆုံး Skill 1 ကိုသုံး ပြီး 2 ကိုသုံးပါ...အဲ့နောက်မှာတော့ Ultimateကိုသုံးပြီး Comboအလှလေးပြလို့ရပါပြီ။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။