ဇာတ်မင်းသားချောလေးဖိုးချစ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ဖိုးချစ်ကတော့ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit : Phoe Chit’s Facebook Account
Photo Credit : Phoe Chit’s Facebook Account

မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌဖြစ်တဲ့ ဇာတ်မင်းသားချောလေးဖိုးချစ်ကတော့ စစ်ကိုင်းယူနိုက်တတ်အသင်းရဲ့ အသင်းပိုင်ရှင်တစ်ယောက်ပဲဖြစ်ပါတယ်။Covid-19 ကာလတွင်အခက်အခဲတွေရင်ဆိုင်နေရတဲ့ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို ဦးဇော်ဇော်ကိုယ်တိုင် ကျပ်သိန်းတစ်ထောင်ကူညီပေးခဲ့ပါတယ်။စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင်ဖိုးချစ်ကတော့ အခုလိုကူညီပေးခဲ့တဲ့ ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ 

Photo Credit : Phoe Chit’s Facebook Account
Photo Credit : Phoe Chit’s Facebook Account

ဖိုးချစ်ကတော့ ယခုမှာ " Covid-19 ကာလတွင် အခက်အခဲရှိသော စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအားMax Energy မှကျပ်သိန်းတစ်ထောင် ကူညီပေးပါသော​ကြောင့်ဥက္ကဌ ဦးဇော်ဇော်နှင့်တကွ Max Energy မိသားစုအား အထူးပင်ကျေးဇူးတင် အပ်ပါသည်ခင်ဗျာ....ဆထက်ထမ်းပိုး အများအကျိုးရွက်ဆောင်နိုင်ပါစေ....ကျေးဇူး ဦးဇော်.ဖိုးချစ်ဥက္ကဌစစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်း "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: Phoe Chit’s Facebook Account

Photo Credit : Phoe Chit’s Facebook Account
Photo Credit : Phoe Chit’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။