အမြန်ယာဉ်နှစ်မြုပ်တဲ့နေရာကနေ အသက်ရှင် ကျန်ရစ်သူတို့ရဲ့ စကားသံတွေ

သူတို့စကားအရ အနည်းဆုံး လူ ၃၅၀ ခန့်ကတော့ တင်ဆောင်လာတာပါ

ပျောက်ဆုံးနေတာက တစ်ဝက်ကျော်နေပါသေးတယ်

ပျောက်ဆုံးနေတာက ၃ ရက် ရှိပြီဆိုတော့ သေဆုံးပြီလို့ဘဲ ယူဆရတော့မှာပါ

ဘာကြောင့်လဲဆိုတော့ အမြန်ယာဉ်မှောက်တဲ့နေရာကနေ သုံး လေး မိုင် ကျော်ပြီး ဘယ်သူမှ အသက်ရှင်လျက် သွားမပေါ်နိုင်ပါဘူး

အလောင်းတွေဘဲ သွားပေါ်မှာပါ

အမြန်ယာဉ်ပေါ်ကနေ အသက်ရှင်လွတ်မြောက်လာတဲ့ သူတစ်ယောက်နဲ့ ဖုန်းဆက်သွယ်မေးမြန်းကြည့်ရမှာ

'' ရေထဲကိုထိုးစိုက်သွားတာ ၅ စက္ကန့်လောက်ဘဲ ကြာတယ်

ခေါင်မိုးပေါ်ပါလာသူတွေလည်း လွတ်ဖို့ သိပ်မလွယ်ဘူး ဘာကြောင့်လဲဆိုတော့ ခေါင်မိုးပေါ်ပါလာတဲ့ဆိုင်ကယ်တွေက အမြန်ယာဉ်မှောက်တော့ ထွက်ပေါက်တွေ ပိတ်မိသလို ဖြစ်သွားတယ် နောက်တော့အမိုးပေါ်ဆိုပေမယ့် နေမပူအောင် မပေါ်ကနေ မိုးကာအုပ်ထားသေးတယ် ကျနော်လည်း ရေထဲမှာ တစ်မိနစ်ခွဲလောက်ပိတ်မိနေတာ အသက်မရှူ နိုင်တော့လို့ ရေကိုတစ်ခေါက်ရှူ မိခဲ့တယ် ကင်းဆေးရုံမှာ ဆေးပြန်ထိုးခဲ့ရသေးတယ် '' လို့ ဆိုပါတယ်

နောက်ထပ် တစ်ဦးကတော့ ခရီးသည် အနည်းဆုံး တစ်ဝက်ကျော် သေဆုံးလိမ့်မယ်လို့ ထင်ပါတယ် အားလုံးအတွက် စိတ်မကောင်းစရာတွေပါ

( Media တွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ စကားပြောချင်ရင် ဖုန်းနံပါတ်ပေးလိုု့ရပါတယ် )

သေဆုံးသူတွေအတွက် ဘာနဲ့မှ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါ

လူသေအလောင်းတွေကိုလည်း သက်ဆိုင်ရာ စနစ်တကျ ပြုစုပြီး စာရင်းအတိအကျ ထုတ်ပြန်ပေးဖို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပေးဖို့လည်း အများက ဆန္ဒရှိနေကြပါတယ်

စာသင်ခန်းဆီ ပြန်မလာကြတော့မယ့် ဆရာ ဆရာမတွေရယ်

ကစားကွင်းဆီ ပြန်မလာတော့တဲ့ ကလေးတွေရယ်

လူနာတွေကို ဆေးကုပေးဖို့ ပြန်မရောက်လာသေးတဲ့ ဆရာဝန်မလေးရယ်

အိမ်သားတွေ မျှော်နေကြမယ့် ရွာသားတွေရယ် လူလုပ်တဲ့ကပ်ဘေးမှာ ငုပ်လျှိုးပျောက်ကွယ်သွားကြလေပြီလား ?????

သုံးမိုးချုပ်ခဲ့ပြီ

အိမ်သားတွေလည်း မျော်နေရော့မယ်လေ

Credit - Photo from ကို @Khaing Win Zaw (၈၈ ငြိမ်း/ပွင့် )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။