Photo credit - liquipedia

ပြီးခဲ့တဲ့ လပိုင်းလောက်က dota 2 competitive scene ကနေအနားယူသွားတဲ့ SoNNeik0 တစ်ယောက်ကတော့ အသင်းသစ်နဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

SoNNeik0 အနေနဲ့လည်း Ti 9 အပြီးမှာ သူဖွဲ့စည်းခဲ့တဲ့ Chicken Fighters တစ်သင်းလုံးကို Ninjas in Pyjams ကခေါ်ယူပြီးနောက် 3 လလောက်အကြာမှာ အသင်းကနေထွက်ခွာပြီး အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဒီကနေ့ အောက်တိုဘာလ တစ်ရက်နေ့မှာတော့ SoNNeik0 ဟာ သူ့ရဲ့အသင်းသစ်နဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး CIS region က players တွေနဲ့သာ ဖွဲဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအသင်းမှာကစားမယ့် players တွေကတော့ Virtus.pro ကနေ ထွက်လာတဲ့ iLTW, Team Spirit ကနေထွက်လာတဲ့ Ergon, EXTREMUN ကနေထွက်လာတဲ့ AfterLife, Navi ရဲ့ inactive player "Immersion" နဲ့ အနားယူရာကနေ ပြန်လည်ထွက်ပေါ်လာတဲ့ SoNNeikO တို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် SoNNeik0 တို့ရဲ့ အသင်းသစ် roster ကတော့

Po 1- iLTW

Po 2- Ergon

Po 3- AfterLife

Po 4- Immersion

Po 5- SoNNeik0

တို့ပဲဖြစ်ပါတယ်။

Source - SoNNeik0 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။