Photo credit - 4AM weibo

အားလုံးစောင့်မျှော်နေကြတဲ့ 4AM ရဲ့ dota 2 roster က officially ထွက်ပေါ်လာခဲ့ပါပြီ။

ဒါပေမယ့် ဒီ roster ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်းတော့မဟုတ်ပါခဲ့ဘူး။

Carry player ကိုအားလုံးက Eurus လို့ထင်ထားခဲ့ကြပေမယ့် 4AM ရဲ့ ကြေညာချက်ထဲမှာတော့ carry player ဟာ Syler ဖြစ်လို့နေခဲ့ပါတယ်။

ဒါ့အပြင် coach ကလည်း r0tK လို့ထင်ထားခဲ့ကြပေမယ့် 4AM ရဲ့ coach ကတော့ LGD Gaming ရဲ့ coach ဟောင်း Xz ဖြစ်နေခဲ့ပါတယ်။

သို့ပေမယ့် အခြား players တွေကတော့ ကောလဟာလတွေထဲကအတိုင်း Somnus'M,Yang, fy နဲ့ RedPanda တို့ပဲဖြစ်ပါတယ်။

4AM ကြေညာခဲ့တဲ့ dota 2 roster အပြည့်အစုံကတော့

Po 1- Syler

Po 2- Somnus'M

Po 3- Yang

Po 4- fy

Po 5- RedPanda

Coach - Xz

Chinese Super team လို့လူအများကသတ်မှတ်ထားကြတဲ့ 4AM အနေနဲ့လည်း လာမယ့် tournaments တွေမှာ ဘယ်လို performance တွေ​ပြသသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - Vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။