ချီလီအသင်း၏ဂန္တဝင်ကစားသမားဖြစ်သူ ဇာမိုရာနိုက အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ချီလီတိုက်စစ်မှူး ဆန်းချက်အနေဖြင့် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရန်အတွက် အာဆင်နယ်မှစွန့်ခွာသင့်ကြောင်း ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်သည် အာဆင်နယ်အသင်းနှင့် လစာကိစ္စအဆင်မပြေကာ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်နှင့် သတင်းထွက်နေသူဖြစ်သည်။ 

ထို့ပြင် အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ကို ဆရာဟောင်း ဂွာဒီယိုလာ၏ အခြား အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးမှလည်း ဆန်းချက်၏အခြေအနေကိုစောင်ကြည့်နေသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။