MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီးကတော့ မနေ့ညကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းက သမိုင်းတစ်လျောက်အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် (၂) နေရာတွင် ရပ်တည်နိုင်ခဲ့ကာ ယမန်နှစ်က အဆင့် (၂) နေရာရပ်တည်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်းက အဆင့် (၃) နေရာဖြင့် ရာသီသိမ်းခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: U Zaw Zaw ' s Facebook page
Photo Credit :Kyo Kyar 's facebook acc

လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းကတော့ မြန်မာနေရှင်နယ်လိဂ်ဆုဖလားကြီးကို သုံးကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပြီး ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ယခုမှာတော့ ဦးဇော်ဇော်ဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေအပြီး နေရပ်ပြန်ကြမယ့် နေရှင်နယ်လိဒ်ကစားသမားတွေအပြန်ခရီးမှာ အဆင်ပြေစေဖို့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတွေကို ကားတွေစီစဉ်ပေးခဲ့ပါတယ်။ 

Photo Credit :Kyo Kyar 's facebook acc
Photo Credit :Kyo Kyar 's facebook acc

ဦးဇော်ဇော်ဟာ နေရပ်ပြန်မယ့် ကစားသမားတွေအတွက် တစ်ယောက်တစ်သိန်းနှုန်းဖြင့် (၁၃၉)သိန်းကိုမုန့်ဖိုးအနေနဲ့ ပေးလှူခဲ့ပါတယ်။ ဘောလုံးကစားသမားတွေကို အပြစ်ပြောစရာမရှိအောင် အစစအရာရာကူညီပေးတဲ့ ဦးဇော်ဇော်ရဲ့ အလှူလေးဟာ ပရိသတ်တွေကို ဝမ်းမြောက်ကြည်နူးစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နေရပ်တွေဆီ ပြန်ကြမယ့် နေရှင်နယ်လိဒ်ကစားသမားတွေရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

source: Kyo Kyar 's facebook acc

Photo Credit :Kyo Kyar 's facebook acc
Photo Credit :Kyo Kyar 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။