အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အသင်း၏အိမ်ကွင်းဂျာစီအသစ်ကိုမိတ်ဆက်ခဲ့သည်။ 

မန်ချက်စတာယူနိုင်တက်အိမ်ကွင်းဂျာစီအရောင်ဖြစ်တဲ့ အနီရောင်ကိုခန္ဒာကိုယ်အပြည့် ခြယ်ထားပြီး ပုခုံးနှစ်ဘက်တွင် Adidas အမှတ်အသားဖြစ်တဲ့ မျဉ်းဖြူ၃ကြောင်းဆွဲထားကာ လက်မောင်းအဆုံးများတွင် အဖြူနှင့်အမည်း ၂ကြောင်းပါတဲ့ ဂျာစီကိုမိတ်ဆက်ခဲ့ပါတယ်။ 

ဒါ့အပြင် မန်ချက်စတာယူနိုင်တက်အသင်း၏ ဂိုးသမားဖြစ်သူ ဒီဂီယာကလည်း တစ်ကိုယ်လုံး အနက်ရောင်ချယ်ထားကာ လက်မောင်းတွင် မီးခိုးရောင် Adidas အမှတ်အသားဖြစ်တဲ့ မျဉ်း၃ကြောင်းဆွဲထားတဲ့ ဂိုးသမားဝတ်စုံသစ်ကိုပါ ဝတ်ဆင်ပြခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။