လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးရှင်သန်ရပ်တည်မှုအတွက် ရော မိမိရဲ့ ဂုဏ်သိက္ခာအတွက်ပါ မဖြစ်မနေအလုပ်လုပ်ရတဲ့အခါ လုပ်ငန်းခွင်ဆိုတဲ့ ပတ်ဝန်းကျင်အသစ်က အရေးပါလှပါတယ်။ ကိုယ့်မိသားစု ၊ ကိုယ့်မောင်နှမသားချင်းတွေနဲ့ အိမ်မှာ ဘယ်လိုပဲနေနေ လုပ်ငန်းခွင်ထဲရောက်တဲ့ အလုပ်ရှင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာပြီး ကိုယ့်တာဝန်ကို ကြိုးကြိုးစားစားလုပ်ပြရမှာ ဓမ္မတာပါပဲ။ ဒါ့ကြောင့် ဒီလိုလုပ်ရင်းကိုင်ရင်း ကိုယ့်ရဲ့ မတည်ငြိမ် မရင့်ကျက်သေးတဲ့အရွယ်ကြောင့်ပဲဖြစ်စေ ၊ အလုပ်သဘောတရားနားလည်သည်ဖြစ်စေ ၊နားမလည်ဖြစ်စေ ပြဿနာတစ်စုံတစ်ရာ ထိပ်တိုက်တွေ့ရတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းက လိုအပ်လာပါပြီ။ ပြီးစလွယ်ဖြေရှင်းမှာလား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ခြေတုန်ခြတုန်ဖြစ်နေပြီဆိုရင် ဒီနည်းလေးတွေအတိုင်း လုပ်ဆောင်သင့်ပါတယ်။

အခြေအနေကို နားလည်သဘောပေါက်ပါစေ

တချို့သော အခြေအနေတွေက သူတို့ထင်သလို ဒါမှမဟုတ် အခြားသူတွေက သင့်ကို တင်ပြသလို အတိအကျပါဘဲ။ ပြဿနာကို ပြေလည်ဖို့ မဆောင် ရွက်ခင််မှာ နှစ်ဖက်စလုံးမှာရှိနေတဲ့ ပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ကိုယ်ကိုယ်တိုင် ရှာဖွေစုံစမ်းတာက ပိုပြီးတော့ သေချာစေမှာ ဖြစ်ပါတယ်။

ပြဿနာဆိုတာကို လက်ခံပေးပါ

အဆုံးအဖြတ်ပေးနိုင်ခွင့်ရှိတဲ့ ရာထူးကြီးကြီးထဲက သူနှစ်ယောက် အပြန်အလှန််ပြောဆိုနေတဲ့ အကြောင်းလေးကို ဥပမာပေး ပြောပြချင်ပါတယ်။ တစ်ဦးက အဖွဲ့အစည်းရဲ့ လျှောက်လှမ်းနေ တဲ့ လမ်းကြောင်းနဲ့ ပတ်သက်လို့ အားမရဖြစ်ပြီး မချင့်မရဲ ခံစားနေရပါတယ်။ ဒါကို တခြားတစ် ယောက်ကို ‘အဲ့ဒီအတွက်တော့ မပူပါနဲ့၊ ဒီလောက်လည်း အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး’ လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ကို တွေးကြည့်မယ်ဆိုရင် တော့ ကိုယ့်အတွက် သေးသေးမွှားမွှား ကိစ္စဖြစ်နေပေမယ့် တခြားတစ်ယောက်အတွက်က အရေးကြီးတဲ့ကိစ္စ၊ ပြဿနာတစ်ခု ဖြစ်ချင်ဖြစ်နေနိုင်ပါ တယ်။ မချင့်မရဲဖြစ်တာ၊ စိုးရိမ်ပူပန်တာနဲ့ စိတ်ထဲမှာ ပြဿနာရှိနေတာကို လက်ခံပေးခြင်းဟာ ပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာ အရေးပါတဲ့ အဆင့် တစ်ခုလည်း ဖြစ်ပါတယ်။

စိတ်ရှည်ရှည်ထားပြီး အချိန်ယူဖြေရှင်းပါ

‘အလျင်လိုကာမှ အနှေးဖြစ်’ ဆိုသလိုပါဘဲ။ ဒီစကားက ကျွန်တော်တို့ နားလည်နိုင်တာထက်ကို ပိုပြီးတော့ မှန်တယ်လို့ ဆိုရပါမယ်။ အချက်အလက်တွေ အကုန်လုံးကို ကောက်ချက်ဆွဲဖို့အတွက် အချိန်ယူပေးပါ။ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ခြင်းဟာ ပိုပြီးတော့ ထိခိုက်သွားစေတတ်ပါတယ်။ မြန်မြန်ဆုံးဖြတ်လိုက်ပေမယ့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားခဲ့မယ်ဆိုရင် တစ်ဦးချင်းစီရဲ့ ပါဝင်မှုကို ပိုပြီးတော့ ဝေးကွာသွားစေတတ််ပါတယ်။

အတင်းအကျပ်စေခိုင်းတာနဲ့ ခြောက်လှန့်တာတို့ကို ရှောင်ရှားပေးပါ

စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲတာ ဒါမှမဟုတ် အတင်းအကျပ် လိုက်နာစေလိုက်တာတွေက ပြဿနာကို ယာယီအနေနဲ့တော့ ရပ်ဆိုင်းသွားစေပါတယ်။ ဒါပေမဲ့ ဒါဟာ ရေရှည်အတွက် အဆင်ပြေကောင်းမွန်တဲ့ ဖြေရှင်းချက်မဟုတ်ပါဘူး။ တစ်ဖက်စီးနင်း ဖြစ်သွားစေခြင်းတွေဟာ ပြဿနာကို ပြန်ပေါ်စေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ လတ်တလော ပြဿနာကိုသာ ပြေလည်စေဖို့ အမြန်ဖြေရှင်းပေးခဲ့မယ်ဆိုရင် နောက်ထပ် ပြဿနာ ပြန်ပေါ်လာတတ်ပြီး ပြန်မပေါ်ခင်ကာလမှာ မကျေမနပ်ဖြစ်နေတဲ့ ခံစားချက်တွေအတွက် တအုံနွေးနွေးနဲ့ ကြီးထွားစေခွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

တစ်ဦးတစ်ယောက်ဆိုတာထက် ပဋိပက္ခအပေါ်မှာ အာရုံစိုက်ပေးပါ

လူအများစုက သူတို့ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံအရ ပြဿနာဖြစ်စေတဲ့ ‘ပြဿနာရှာသူ တစ်စုံတစ်ဦး’ကိုသာ သိကြလေ့ရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်စီအကြောင်းကို ကိုယ်ရဲ့ ကိုယ်ပိုင် ကြိုတင်တွေးဆခံယူချက်အတိုင်း သတ်မှတ်

တာမျိုး ရှောင်ရှားဖို့ လိုပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် X ဆိုတဲ့သူဟာ တစ်ဦးချင်းစီအလိုအရ အချင်းချင်း သဟဇာတအဖြစ်ဆုံး လူတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် ကိုယ့်ရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်နဲ့ ပုဂ္ဂိုလ်ရေးအရ ပြဿနာရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့ သူတို့ဟာ သမာရိုးကျ ပြဿနာတွေ အရေးကိစ္စတွေ မရှိဘူးလို့ ဆိုတာမဟုတ်ပါဘူး။ ပဋိပက္ခကို သတ်မှတ်နိုင်ဖို့နဲ့ ဖြေရှင်းနိုင်ဖို့သာ စူးစိုက်ထားပေးပါ။ ဂရုတစိုက်နဲ့ အလုံးစုံကို ခွဲခြမ်းစိတ််ဖြာပြီးပြီဆိုရင်တော့ ဘယ်သူက ပြဿနာဖြစ်တယ်ဆိုတာ ဆုံးဖြတ်ပေးလို့ရပါပြီ။ နောက်ပြီး အဲ့ဒီပြဿနာဖြစ်စေတဲ့သူကိုလည်း အာရုံစူးစိုက် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ််။

လိုက်နာရမယ့်အချက်တွေကို စာရင်းပြုစုပေးပါ

ပြဿနာဖြစ်တဲ့သူ နှစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ နှစ်ဖက်စလုံးဆီကို လိုက်နာရမယ့် အချက်လေးတွေကို သဘောတူညီမှု အရင်ရယူထားဖို့ လိုအပ်ပါတယ်။ သူတို့တွေကို အားလုံးအေးအေးဆေးဆေးနဲ့ ပြောဆိုဖြေရှင်းနိုင်ကြမလားဆိုတာကို မေးမြန်းပါ။ ဖြစ်နိုင်မယ်ဆိုရင် စိတ်လွတ်လက်လွတ် မဟုတ်ဘဲနဲ့ပေါ့။ သူတို့ဆီက သဘောတူညီမှု ရပြီးပြီဆိုရင်တော့ သူတို့တွေ တစ်ယောက်အပေါ်တစ်ယောက် တွေးမြင်တဲ့ သဘောထားတွေကို နားလည်လာစေဖို့ ကြိုးစားရပါမယ်။ သူတို့သာ ဆူညံပေါက်ကွဲကြမယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုက အဆုံးသတ်သွားမှာဖြစ်ကြောင်း ပြော ပြထားပေးဖို့လည်း အကြံပြုပါရစေ။

ပွင့်ပွင့်လင်းလင်းရှိတဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားပေးပါ

ပဋိပက္ခတွေကို ဖြေရှင်းခြင်းရဲ့ အန္တိမပန်းတိုင်ကတော့ ပြဿနာဖြစ်နေသူ နှစ်ဖက်စလုံးက ပြဿနာကို ပြေလည်စေဖို့ ကိုယ်တိုင်ဖြေရှင်းကြခြင်းဘဲ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးကို သူတို့ရဲ့ အမြင်၊ သဘောထားတွေ ဖော်ပြခွင့်ပေးပါ။ နောက်ပြီး ကိုယ့်ရဲ့အတွေးအမြင်နဲ့ သဘောထားကိုလည်း သူတို့ကို ပြောပြပေးရပါမယ်။ တွေ့ဆုံဆွေးနွေး ပွဲကို ဦးဆောင်ပါဝင် ကူညီပေးပြီး ပြဿနာဖြစ်စေခြင်းရဲ့ အဓိက အကြောင်းအရင်းကို သူတို့တွေ သိသွားစေဖို့ ကြိုးစားပေးရပါမယ်။

ပြတ်ပြတ်သားသား ပြုမူဆောင်ရွက်ပါ

အချက်အလက်တွေကို စုဆောင်းဖို့ အချိန်ယူပြီးပြီဆိုတာနဲ့ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်စလုံးကို ပါဝင်ဖို့ပြောပါ။ ပြီးတော့ အခြေအနေတွေ အားလုံးကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ရဲ့ဆုံးဖြတ် ချက်အတိုင်း အရေးယူဆောင်ရွက်ပါ။ ပြဿနာကို သောင်မတင်ရေမကျထားခဲ့တာမျိုး မလုပ်ပါနဲ့။ ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် အချိန်အကြာကြီးယူတာကလည်း ကိုယ့်အပေါ်ထားရှိတဲ့ ယုံကြည်အားထားမှုကို ထိခိုက်စေတဲ့အပြင် ကိုယ့်အပေါ် သိမြင်နားလည်ထားတဲ့ ပုံရိပ်ကိုလည်း ထိ ခိုက်စေတယ်ဆိုတာလည်း သတိပြုပေးပါ။ သူတို့အနေနဲ့က ကိုယ်ဟာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သိပ်ကိုပျော့လွန်းတယ်၊ အောက်လက်ငယ်သားတွေအပေါ် ဂရုမစိုက်တတ်ဘူး ဒါမှမဟုတ် အဲ့ဒီနှစ်မျိုးလုံးလည်း ထင်မြင်ယူဆသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို လူတိုင်းသဘော တူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ်က ဘယ်နေရာမှာ ရပ်တည်သလဲဆိုတာကိုတော့ သိသွားပါလိမ့်မယ်။

Ref : Conflict Resolution: 8 Strategies to Manage Workplace Conflict

သတင်းအရင်းမြစ် Myan People magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။