ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ ဒိုလေးလို့ လူအများခေါ်ဝေါ်ကြတဲ့ Cristino Ronaldo ရရှိထားတဲ့ဆုတွေကိုဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဒိုလေးဟာ The Best FIFA Men's Player ဆုကို RealMadrid အသင်းနဲ့ လေးကြိမ် ၊ Machester United နဲ့တစ်ကြိမ် စုစုပေါင်း ငါးကြိမ်တောင်ရရှိထားပါတယ်။

ရွှေဘောလုံးဆုကိုလည်း ငါးကြိမ်တိုင်တိုင်ရရှိထားပြီး UEFA Best Player In Europe ဆုကိုလည်း Real Madrid နဲ့အတူ သုံးကြိမ်တိုင်အောင်ရရှိထားပါတယ်။

ဒါ့အပြင် ဒိုလေးဟာ ဂိုးသွင်းအများဆုံးဆုကိုလည်း 17 ကြိမ်တိုင်အောင်ရရှိထားပြီး Player of The Year ဆုကိုလည်း ငါးကြိမ်တိုင်အောင်ရရှိထားပါတယ်။

photo from google
photo from google

ဒါ့အပြင် Footballer of the Year ဆုကိုလည်း Portugal အသင်းနဲ့အတူ ဆယ်ကြိမ်တိုင်အောင်ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ရရှိထားတဲ့ ဆုဖလားတွေအနေနဲ့ကတော့ Portugal အသင်းနဲ့အတူ 2016 ခုနှစ်မှာ European Champion ဆုဖလားကိုရရှိထားပြီး Champion League Winner ဆုကိုလည်း Real Madrid နဲ့လေးကြိမ် ၊ Manchester United နဲ့တစ်ကြိမ် စုစုပေါင်းငါးကြိမ်ရရှိထားပါတယ်။

ဒါ့အပြင် English Champion ဆုကို Manchester United အသင်းနဲ့အတူ သုံးကြိမ်တိုင်အောင်ရရှိထားပြီး Man U နဲ့အတူ 2004 ခုနှစ်မှာ FA Cup Champion ဆုကိုပါရရှိထားပါတယ်။

English League Cup Winner ဆုကိုလည်း Manchester United အသင်းနဲ့အတူ နှစ်ကြိမ်ရရှိထားပြီး Spanish Champion ဆုကို Real Madrid အသင်းနဲ့အတူ နှစ်ကြိမ်တိုင်တိုင် ရရှိထားပါတယ်။

photo from google
photo from google

ဒါ့အပြင် Spanish Cup Winner ဆုနှစ်ကြိမ် ၊ Spanish Super Cup Winner ဆုနှစ်ကြိမ်တို့ကို Real Madrid အသင်းနဲ့အတူ ရရှိထားပါသေးတယ်။

Itilian Champion ဆုကိုလည်း Juventus Fc အသင်းနဲ့ နှစ်ကြိမ်ရရှိထားပြီး Itilian Super Cup Winner ဆုကိုလည်း Juventus Fc အသင်းနဲ့ တစ်ကြိမ် ရရှိထားပါတယ်။

FIFA Club World Cup Winner ဆုကိုလည်း Real Madrid နဲ့သုံးကြိမ် ၊ Manchester United နဲ့တစ်ကြိမ် စုစုပေါင်း လေးကြိမ်ရရှိထားပါတယ်။

UEFA Supercup Winner ဆုကိုလည်း Real Madrid အသင်းနဲ့အတူ သုံးကြိမ်တိုင်အောင် ရရှိထားပြီး English Super Cup Winner ဆုကိုလည်း Manchester United အသင်းနဲ့အတူ သုံးကြိမ်တိတိရရှိထားပါတယ်။

UEFA Nations League Winner ဆုကိုလည်း Portugal အသင်းနဲ့တစ်ကြိမ်ရရှိထားပြီး Portuguese Super Cup Winner ဆုကို Sporting CP အသင်းနဲ့တစ်ကြိမ် ရရှိထားပါတယ်။

ဒိုလေးရရှိထားတဲ့ဆုတွေ အရမ်းများတယ်လို့ မထင်ကြဘူးလား ပရိသတ်ကြီး။

photo from google
photo from google

Source -transfermarkt.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။