4AM ကတော့ သူတိူ့ရဲ့ dota 2 roster ကိုကြေညာအပြီး တစ်ရက်လောက်အကြာမှာပဲ carry player "Sylar" ကိုအသင်းကနေထုတ်ပယ်ခဲ့ပါတယ်။

တက်လာတဲ့သတင်းတွေအရတော့ 4AM ရဲ့ အခြားသော players လေးယောက်ဟာ Eurus နေရာမှာ Sylar ကိုအစားထိုးလိုက်တာကို သူတို့မသိရှိခဲ့ပါဘူး ။ 4AM ကိုယ်တိုင်ကလည်း သူတို့ရဲ့ roster ကြေညာချက်ကို ကြေညာပြီး 24 နာရီလောက်အကြာမှာ ပြန်ဖျက်သွားခဲ့တယ်လို့သိရပါတယ်။

ဒီသတင်းဟာ လက်ရှိ China region မှာ လူပြောများနေတဲ့ သတင်းတစ်ပုဒ် ​ဖြစ်နေပြီး Sylar ကိုယ်တိုင်ကလည်း မနေ့က China Dota 2 Pro Cup ရဲ့ panal ခုံမှာထိုင်နေစဥ် DD ဆီကို "I'm gone" ဆိုတဲ့ message ပေးပို့ခဲ့ပြီး DD ကလည်း "What are 4AM doing ? Fooling with people" လို့ပြန်ပြောခဲ့တာတွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး လက်ရှိမှာ ကောလဟာလတွေလည်း များစွာထွက်ပေါ်နေပြီး 4AM ကတော့ မည်သို့သော ကြေညာချက်တစ်စုံတစ်ရာမှ ထုတ်ပြန်ခြင်း မရှိသေးဘူး။

ကောလဟာလတစ်ခုအရတော့ 4AM က players တွေ​ဖြစ်တဲ့ Somnus'M, Fy, Yang နဲ့ RedPanda တို့ဟာ လစာလျော့ယူဖို့ သဘောတူခဲ့ပြီး  Eurus ကိုပြန်ဝယ်စေခဲ့တယ်လို့ သိရပါတယ်။

Source- vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။