၂၀၁၇ ဝင်ဘယ်ဒန်အိုးပင်းအဖွင့်ပွဲမှာ အိမ်ရှင်နိုင်ငံသား အင်ဒီမာရေးအနိုင်ရ

လက်ရှိကမာ႓့နံပါတ်တစ်လည်းဖြစ် လက်ရှိချန်ပီယံလည်းဖြစ် ပြိုင်ပွဲရဲ့လက်ရှိဗိုလ်စွဲဖို့ရေပန်းအစားဆုံး ဆီဒင်နံပါတ်တစ်ရအင်ဒီမာရေးဟာ အဖွင့်ပွဲစဉ်မှာ အလက်ဇန်ဒါဘူဘလစ်(ကာဇက်စတတန်)ကို၆-၁ ၆-၄ ၆-၂နဲ့အနိုင်ရပြီး ဒုတိယအဆင့်ကိုတက်ရောက်သွားပါတယ် ၁နာရီ၄၄မိနစ်သာ ပွဲကစားချိန်ကြာခဲ့ပါတယ်

အင်ဒီမာရေးဟာ ဒုတိယအဆင့်မှာဂျာမနီနိုင်ငံသား ဆီဒင်မဲ့ဒက်စတင်ဘရောင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုလိုအလွယ်တကူပဲနောက်တဆင့်တက်ရောက်သွားဖို့အခြေနေရှိပါတယ် ကျင်းပပြီးခဲ့ Grand slamပြိုင်ပွဲနှစ်ခုဖြစ်တဲ့ သြစတေတြးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်တွမှာ ရလဒ်မကောင်းတဲ့ သူ့အတွက် ယခုနှစ် ဝင်ဘယ်ဒန်အိုးပင်းဟာ အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးဆုပဲဖြစ်ပါတယ်

အမျိုးသားပြိုင်ပွဲတွေမှာသူရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ နိုဗက်ဂျိုကိုဗစ် ရော်ဂျာဖက်ဒါရာ ရာဖေးနာဒယ်တို့နဲ့ သူဟာပြိုင်ပွဲလမ်းကြောင်းအရ ဗိုလ်လုပွဲမှသာရင်ဆိုင်ရဖို့ရှိတာကြောင့် ကံကြမ္မာသာ မကျီစားဖူးဆိုသူဟာဆီမီးဖိုင်နယ်တနေရာကတော့သေချာပါတယ် ပြိုင်ပွဲတွေမှာမထင်မှတ်တာတွေဖြစ်တတ်တော့ အင်ဒီမာရေးတစ်ယောက် ရိုလန်ဂါးရိုစ်မှာ ချန်ပီယံဘွဲ့ကိုကာကွယ်ပြီး ကမ္ဘာ့နံပါတ်တစ်နေရာကိုဆက်ထိန်းနိုင်မလား ဆိုတာစောင့်ကြည့်ရပါမယ်

သတင်းအရင်းမြစ် Fox sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။